You are here

VIVO စမတ်ဖုန်းမှ မြန်မာပြည်စျေးကွက်ထဲသို့ S1 PRIME LIMITED EDITION ကို စတင်မိတ်ဆက်

Launching news
Local
Promotions
VIVO

Vivo မှ မြန်မာနိုင်ငံစျေးကွက်ထဲသို့  ခေတ်မီဆန်းသစ်ပြီး လူကြိုက်များသော စမတ်ဖုန်းများစွာကို ယူဆောင်လာခဲ့ပြီး၊ စဉ်ဆက်မပြတ် လည်း ဆန်းသစ်တီထွင်လျက်ရှိပါသည်။ ၂၁ ရာစုလူငယ်များအတွက် အသုံးပြုရန် အဆင်သင့်ဖြစ်နေသော စမတ်ဖုန်းများကို ရှေ့ဆက်ထုတ်လုပ်သွားမည့် Vivo သည် S1 Pro ကို မြန်မာနိုင်ငံတွင် အောင်အောင်မြင်မြင်ရောင်းချခဲ့ပြီးသည့်နောက် ခေတ်မီဆန်းသစ်ပြီး အရောင်အသွေးစုံသည့် Limited Edition S1 Prime ကို မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။ သုံးစွဲသူများ အနေဖြင့် သြဂုတ်လ ၁၅ ရက်နေ့မှ စတင်၍ ဖုန်းအရောင်းဆိုင်များတွင် ၃၈၉,၈၀၀ ကျပ်ဖြင့်၀ယ်ယူရရှိနိုင်ပြီ ဖြစ်ပါသည်။
 
 Vivo S1 Prime ကို မြန်မာလူငယ်များအတွက် စတိုင်လ်နှင့် ဖက်ရှင်ကျလှပစေရန် ရည်ရွယ်ပြီး Nebula Blue နှင့် Jade Black ဟူသော ထူးခြားဆန်းပြားသည့် အရောင်များဖြင့် ထွက်ရှိလာပါသည်။ Vivo သည် သုံးစွဲသူများ၏ ရင်သပ်ရှုမောဖွယ်ကောင်းပြီး ပြတ်ပြတ်ထင်ထင် Selfies များ ရိုက်ယူလိုသည့် လိုအပ်ချက်များကို ကောင်းမွန်စွာနားလည်ပါသည်။ စိန်ပွင့်ပုံစံ ဒီဇိုင်းသွင်ပြင် နှင့် မျက်နှာပြင်ပေါင်းစည်းဖွဲ့စပ်ထားပုံတို့သည် သုံးစွဲသူများ၏ နေထိုင်မှုဘဝပုံစံနှင့် ပင်ကိုယ်အရည်အသွေးများကို အားဖြည့် စေနိုင်မည်ဖြစ်ပါသည်။ စမတ်ဖုန်းအသစ်တွင် AI နည်းပညာဖြင့် ထောက်ပံ့ပေးထားသော Face Beauty, Pose Master နှင့် Super Night Selfie Cameras နည်းပညာများစွာပါ၀င်ပြီး အသုံးပြုသူ၏ ရှုထောင့်နှင့် နောက်ခံအလင်းရောင်များကို ချိန်ညှိ နိုင်သလို နမူနာ ကိုယ်ဟန်အနေအထားများကိုပါ ပြသပေးနိုင်ပါသည်။

“Vivo ဟာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ရယူနိုင်ခဲ့ပြီး၊ Vivo Y Series နဲ့ S Series တို့နဲ့လည်း အောင်မြင်မှုတွေအများကြီးရရှိခဲ့ပါတယ်။ ကျွန်တော်တို့ဟာ မြန်မာလူငယ်တွေရဲ့ တောက်ပတဲ့ စတိုင်လ်တွေနဲ့ အရောင်တွေနဲ့ ကိုက်ညီမှုရှိဖို့အတွက် အခုလိုမျိုး S1 Prime ကို ထူးခြားဆန်းပြားတဲ့ အရောင်တွေနဲ့ မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အရောင်အသွေးများဟာ အသုံးပြုသူ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ထူးခြားတဲ့ ပင်ကိုယ်အရည်အသွေး တွေကို ထုတ်ဖော်ပြသနေတာကို နားလည်တာကြောင့် အခုလိုမျိုး Nebula Blue နဲ့ Jade Black စတဲ့ အရောင်တွေကို S1 Prime ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းအဖြစ် ပြုလုပ်ထားတာလည်း ဖြစ်ပါတယ်။ အခုလို အဆင့်မြှင့်တင်ထားတဲ့ အရောင် အမျိုးအစားအသစ်တွေနဲ့အတူ ခေတ်မီဆန်းသစ်တဲ့ စမတ်ဖုန်းများစွာနဲ့ မြန်မာလူငယ်တွေအတွက် စျေးနှုန်းချိုသာတဲ့ စမတ် ဖုန်းတွေကို မိတ်ဆက်သွားရင်း စမတ်ဖုန်းလောကကို တစ်ဆစ်ချိုး ပြောင်းလဲလိုပါတယ်” ဟု Vivo မြန်မာ၏ Chief Operating Officer ဖြစ်သူ Mr. Nelson Ni မှ ပြောကြားခဲ့ပါသည်။

VIVO S1 PRIME ၏ အသေးစိတ်အချက်အလက်များ
•    Selfie ချစ်သူများနှင့် ပရော်ဖက်ရှင်နယ်ဓာတ်ပုံများအတွက်ကင်မရာ
 
S1 Prime တွင် 16 MP ရှေ့ကင်မရာနှင့် နောက်ဘက်တွင် 48 MP (ပင်မကင်မရာ) + 8 MP (မြင်ကွင်းကျယ် ကင်မရာ) + 2 MP Macro ကင်မရာ + 2 MP (အနီးကပ်ရိုက်နိုင်သည့် ကင်မရာ) တို့ ပါ၀င်ပြီး စိန်ပွင့်ပုံစံကင်မရာဒီဇိုင်းဖြစ်ပါသည်။ အဆိုပါ ကင်မရာများကြောင့် အကျယ်ချဲ့ရိုက်ကူးရသော မြင်ကွင်းကျယ်ပုံများနှင့် ရုပ်ထွက်အရည်အသွေးကောင်းမွန်သော အမှတ်တရ ပုံများကို အခက်အခဲတစ်စုံတစ်ရာမရှိဘဲ ရိုက်ကူးပုံဖော်ရာတွင် ကူညီနိုင်မည်ဖြစ်ပါသည်။ ထပ်မံပါ၀င်လာသော AI face beauty, Super night selfie နှင့် pose master ကဲ့သို့ ကင်မရာစွမ်းဆောင်ရည်များမှလည်း မူလရှိနေသည့် အရည်အသွေးများ ပျက်ပြားသွားခြင်းမရှိစေဘဲ စွဲမက်ဖွယ်ရာ ကောင်းမွန်သည့် Portraits ပုံများ ရရှိမည် ဖြစ်ပါသည်။ S1 Prime တွင် 8 GB RAM နှင့် အချက်အလက်အများဆုံး သိမ်းဆည်းနိုင်သည့်ပမာဏ 128 GB တပ်ဆင်ထားသောကြောင့် သုံးစွဲသူများအနေဖြင့် နှစ်သက်ရာ အက်ပလီကေးရှင်းများ၊ ဗီဒီယိုများနှင့် အမှတ်တရဓါတ်ပုံများကို လုံလောက်စွာ သိမ်းဆည်းနိုင်ပါသည်။

•    ဖုန်းမျက်နှာပြင်၊ ဒီဇိုင်းနှင့် ကြာရှည်ခံမှု
S1 Prime တွင် ထူးခြားဆန်းပြားပြီး ရုပ်ရှင်ကြည့်ရှုခြင်းအတွက် အကောင်းဆုံး အတွေ့အကြုံများကို ပေးစွမ်းနိုင်စေရန် 6.38 လက်မအရွယ်ရှိ Full HD + မိုးရေစက်ပုံစံ Super AMOLED မျက်နှာပြင်နည်းပညာအား ထည့်သွင်းပေးထားသည့်အတွက် အသုံးပြုသူများသည် မိမိကြိုက်နှစ်သက်သည့် ဖျော်ဖြေမှုများနှင့် ဇာတ်လမ်းတွဲများအား အရသာရှိရှိ ကြည့်ရှုနိုင်မည် ဖြစ်ပါ သည်။ Vivo ၏ နည်းပညာ တစ်ခေတ်ဆန်းသစ်ထားသည့် မျက်နှာပြင်အောက်လက်ဗွေ လုံခြံုရေးစနစ်နှင့် 3D curved metal body လည်း ပါ၀င်သောကြောင့် ဖုန်းကို အလျင်အမြန်ဖွင့်နိုင်ပြီး အသုံးပြုသူများကို စိတ်လုံခြံုမှု ပေးစွမ်းနိုင်မည် ဖြစ်ပါသည်။

•    ဂိမ်းကစားသူများအတွက် အမြန်အားသွင်းနိုင်သည့်စွမ်းဆောင်ရည်နှင့် လုပ်ဆောင်ချက်
S1 Prime သည် Qualcomm 665 ကို အသုံးပြုထားသောကြောင့် သုံးစွဲသူများ၏ Multitasking နှင့် Gaming လိုအပ်ချက် များကို လျှင်မြန်ချောမွေ့စွာ အထောက်အကူပြုပေးနိုင်မည် ဖြစ်ပါသည်။ သာလွန်သော 18W Dual-Engine Fast Charging စနစ်၊ 4,500 mAh Battery နှင့်အတူ Type-C Charger ကို အသုံးပြုထားသောကြောင့် တာရှည်ခံပြီး Gaming အတွေ့အကြုံများတွင်လည်း အနှောင့်အယှက်ကင်းစွာ ဆော့နိုင်ပါသည်။ S1 Prime တွင် ပါ၀င်သည့် Multi-Turbo စနစ် အသစ်သည် ပြိုင်ဆိုင်မှုပြင်းထန်သော မိုဘိုင်းလ်ဂိမ်းကစားပွဲများတွင် လုပ်ဆောင်မှုစွမ်းရည်ကို တိုးမြှင့်စေနိုင်မည် ဖြစ်ပါသည်။
S1 Prime Limited edition ကို သြဂုတ်လ ၁၅ ရက်နေ့မှ စတင်၍ အသုံးပြုသူများအား ဆွဲဆောင်နိုင်သော စျေးနှုန်းဖြစ်သည့် ၃၈၉,၈၀၀ ကျပ်ဖြင့် ဖုန်းအရောင်းဆိုင်များတွင် စတင် ၀ယ်ယူနိုင်တော့မည် ဖြစ်ပါသည်။

Related Articles