You are here

Mobile Imaging နည်းပညာအတွက် Global Partnership အဖြစ် vivo နှင့် ZEISS ဝင်‌ရောက်လာ

Mobile
VIVO
World

vivo နှင့် ZEISS တို့သည် mobile imaging နည်းပညာတွင် ပူးတွဲဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့်  တီထွင်ဆန်းသစ်မှုများ ဖွံ့ဖြိုးတိုးတတ်စေရန် ရေရှည်လက်တွဲသွားမည့် မဟာ ဗျူဟာမြောက် မိတ်ဖက်အဖွဲ့စည်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ “vivo ZEISS co-engineered imaging system” ကို vivo X60 series ဖုန်းများတွင် ပထမဆုံး ထည့်သွင်းသွားမည်ဖြစ်သည်။ 

ပူးပေါင်းဆောင်ရွက်ခြင်း သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် vivo နှင့် Zeiss သည် vivo ၏ flagship စမတ်ဖုန်းများအတွက် mobile imaging နည်းပညာကို ဆန်းသစ်တီထွင်ရန်အတွက် joint R&D program ဖြစ်သည့် vivo ZEISS Imaging Lab ကို တည်ထောင်သွားမည်ဖြစ်သည်။ သုံးစွဲသူများ၏ လိုလားချက်များကို ကောင်းစွာသိရှိနားလည်ပြီး ဘက်စုံအသုံးပြုနိုင်သည့် စွမ်းဆောင်ရည်ပုံရိပ်များကို ဆန်းသစ်တီထွင်နိုင်သည့် ကမ္ဘာ့ အကြီးဆုံးစမတ်ဖုန်းထုတ်လုပ်သူတစ်ဦးဖြစ်သော vivo သည် မှန်ဘီလူးနှင့် opto-electronics များတွင် ကမ္ဘာလုံး ဆိုင်ရာဦးဆောင်သူတစ်ဦးဖြစ်ပြီး mobile imaging နယ်ပယ်တွင် အတတ်ပညာရှင်ပီပီ ဦးဆောင်တီထွင်သူတစ်ဦး ဖြစ်သူ ZEISS နှင့်အတူ  အပြန်အလှန် အားသာချက်များအပေါ်မူတည်ပြီး အဆင့်မြင့် မိုဘိုင်းလ်ဓာတ်ပုံ နည်းပညာ ကို တည်ဆောက်သွားရန် မဟာဗျူဟာမြောက် ဘက်စုံပူးပေါင်းဆောင်ရွက်မှုကို vivo မှဆောင်ရွက်ခဲ့သည်။ 

 joint R&D program အရ vivo ZEISS co-engineered imaging system ကို အဆင့်မြှင့်တင်ရန်နှင့် vivo ၏ flagship စမတ်ဖုန်းများ နှင့်အတူ ၎င်းတို့၏ တီထွင်ဖန်တီးမှုကို သုံးစွဲသူများ ပုံဖော်ခံစားနိုင်စေရန် အတွက် “vivo ZEISS Master Photography” အစီအစဉ်ကိုလည်း မိတ်ဆက်သွားမည်ဖြစ်သည်။ 

“အခုလိုမျိုးပူးပေါင်းဆောင်ရွက်ခြင်းကနေတဆင့် ZEISS ရဲ့ imaging နည်းပညာကို သုံးစွဲသူတွေက ပိုမိုရယူ ခံစား နိုင်မှာပါ။  ဒီဂျစ်တယ်နည်းပညာအသစ်တွေနဲ့ optical ကျွမ်းကျင်ပညာရှင်တွေရဲ့ ဖြည့်စွက်မွမ်းမံချက်တွေ၊ စုပေါင်း ညှိနှိုင်းအဖြေရှာမှုတွေအပေါ် အခြေခံပြီး  vivo နဲ့ Zeiss တို့ရဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ဟာဆိုရင်  mobile imaging နည်းပညာနဲ့ တီထွင်ဆန်းသစ်မှုတွေ ပိုမိုဖြစ်ပေါ်လာစေမယ့်အပြင် စက်မှုလုပ်ငန်းတစ်ခုလုံးရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုထောက်ပံ့နိုင်ဖို့အတွက် အခွင့်အလမ်းအသစ်တွေကို ဖန်တီးပေးဖို့ အစပျိုး လိုက်တာပဲ ဖြစ်ပါတယ်။”ဟု vivo ၏  Senior Vice President and CMO ဖြစ်သူ Spark Ni က ပြောကြားခဲ့သည်။ 

“mobile imaging ကြောင့် vivo နဲ့ ZEISS တို့အကြား မိတ်ဖက်အဖြစ် ပူးပေါင်းနိုင်ခဲ့တယ်။” ဟု ZEISS Consumer Products အကြီးအကဲဖြစ်သူ Joerg Schmitz မှပြောသည်။ “ZEISS ရဲ့ ဆယ်စုနှစ်ချီပြီး အတွေ့အကြုံရှိတဲ့ ကျွမ်းကျင်ပညာရှင်တွေရဲ့  optical နည်းပညာတွေနဲ့အတူ vivo flagship စမတ်ဖုန်းတွေရဲ့ စွမ်းဆောင်ရည်ပုံရိပ် တွေကို အကောင်းဆုံးမြှင့်တင်ပေးနိုင်ဖို့ အထောက်အကူပြုသွားပေးမှာပါ။” ဟု ယင်းမှထပ်မံပြောကြားခဲ့သည်။ 

vivo နှင့် ZEISS တို့အကြား ပူးပေါင်းဆောင်ရွက်မှုသည် အနာဂတ် mobile imaging အတွက် မှတ်တိုင်တစ်ခု ဖြစ်သည်။ နှစ်ဦးစလုံးမှာ mobile imaging ကို ပိုမိုချောမွေ့စေမည့် စွမ်းဆောင်ရည်များအပေါ် အဓိကထား အတူတကွ လုပ်ဆောင်ကြမည်ဖြစ်သည်။ တစ်ဖက်တွင်လည်း ZEISS၏ optical နည်းပညာများနှင့် ကျွမ်းကျင် ပညာရှင်များက mobile imaging ၏ optical စွမ်းဆောင်ရည် သိသိသာသာ တိုးမြှင့်လာစေရန် စွမ်းဆောင် ပေးမည်ဖြစ်သည့်အတွက်  vivo flagship စမတ်ဖုန်းများ၏ မိုဘိုင်းလ် optical imaging သည်လည်း နောက်ထပ် အဆင့်တစ်ဆင့်သို့ တိုးမြှင့်ယူဆောင်သွားနိုင်တော့မည်ဖြစ်သည်။ အခြားတစ်ဖက်တွင် ကမ္ဘာတစ်ဝန်း သုံးစွဲသူ  သန်း ၃၈၀ နှင့်အတူ vivo သည် mobile imaging ကို သုံးစွဲသူများ ပိုမိုနှစ်သစ်လာမည်ကို ကောင်းစွာနားလည် ထားပါသည်။ ZEISS ၏ Optical ကျွမ်းကျင်ပညာရှင်များ၊ အတူတကွပူးပေါင်းဆောင်ရွက်မှုနှင့်အတူ စွမ်းဆောင် ရည်ပုံရိပ်များကို vivo ၏စွမ်းဆောင်ရည်ပုံရိပ်များနှင့်အတူပေါင်းစပ်၍ ကမ္ဘာတစ်ဝန်းရှိသုံးစွဲသူများထံသို့ ဆွဲဆောင်မှုရှိပြီး ပိုမိုလွယ်ကူစွာအသုံးပြုနိုင်မည့်၊ ပိုမိုကောင်းမွန်သာ မိုဘိုင်းလ်ဓာတ်ပုံပညာရပ်အတွေ့အကြုံ များ ပေးစွမ်းနိုင်တော့မည်ဖြစ်ပါသည်။

Related Articles