You are here

ကြီးမားတဲ့ Battery ၊ လျင်မြန်တဲ့ 22.5W Fast Charging ပါဝင်လာတဲ့ တန်ဖိုးသင့် HUAWEI Y7a

Local
Mobile
Huawei

ခေတ်ပေါ် စမတ်ဖုန်းတွေရဲ့ လိုအပ်ချက်တစ်ခုက ဘာဖြစ်မလဲဆိုရင် သုံးစွဲသူတွေအတွက် ဒွိဟဖြစ်စေတဲ့ မေးခွန်းတစ်ခုပဲဖြစ်ပါတယ်။  ရုပ်ရှင်ပဲ ကြည့်ကြည့် ၊ ဂိမ်းပဲ ဆော့ဆော့ အချိန် အတိုင်းတာ တစ်ခုထိ တောင့်ခံနိုင်တဲ့ ဘက်ထရီပမာဏ လိုအပ်သလို တကယ်လို့များ အားလည်းထင်သလောက်မခံ ၊ Battery Life ကလည်း အခြေနေ မကောင်းဘူးဆိုရင်တော့ သုံးစွဲသူ အနေနဲ့ စိတ်သောက ရောက်ရတတ်ပါတယ်။ အထူးသဖြင့် ငွေကုန်ကြေးကျ ကိုချိန်ဆပြီး ဝယ်ယူရတဲ့ ကိစ္စတစ်ခုဖြစ်တဲ့အတွက် Entry Level ပဲဖြစ်ဖြစ် Mid-range နဲ့ Flagship ဘယ်ဖုန်းကိုပဲ ရွေးချယ် ရွေးချယ် Battery ပိုင်းကိုတော့ ဂရုတစိုက် ထည့်သွင်းစဉ်းစားဖို့ လိုအပ်မှာပါပဲဖြစ်ပါတယ်။

ယခု ဖော်ပြသွားမယ့် အထဲမှာတော့ မကြာသေးမီကမှ မြန်မာနိုင်ငံဈေးကွက်ထဲရောက်ရှိလာတဲ့ HUAWEI Y7a စမတ်ဖုန်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဆိုပါဖုန်းရဲ့ အားသာချက်ကို အရင်ဆုံး Highlight လုပ်ပေးရမယ်ဆိုရင် 5,000mAh Capacity ပါဝင်တာနဲ့ မြန်မာငွေ ၂သိန်းခွဲနဲ့ ဝယ်ယူရရှိနိုင်မယ့် ဖုန်းအမျိုးအစား ဖြစ်လင့်ကစား 22.5W Fast Charging စနစ် ပါဝင်လာလို့ပဲဖြစ်ပါတယ်။ ကင်မရာပိုင်းအနေနဲ့ 48MP Primary Sensor ပါဝင်တဲ့ A.I ကင်မရာ ၄ လုံး အသုံးပြုထားသလို Y7a ဟာ တနည်း အားဖြင့်ဆိုရရင် Entertainment ပိုင်းအတွက် အသားပေး ထုတ်လုပ်ထားတဲ့ စမတ်ဖုန်းလို့လည်း ပြောရဦးမှာပါ။ ဒါတွေထက် စိတ်ဝင်စားစရာ အကောင်းဆုံး အချက်က မြန်မာငွေ ၂၄၉၀၀၀ ကျပ်နဲ့ ရောင်းချပေးနေတာဖြစ်ပြီး Y7a အကြောင်းကို အခုလို ဖော်ပြပေးလိုက်ပါတယ်။ အခုလို နှစ်ကုန်ခါနီးနဲ့ ခရစ်စမတ်အချိန်အခါ နီးတဲ့ ကာလမျိုးမှာ ကိုယ်ချစ်ခင်ရသူတွေကို လက်ဆောင်ပေးဖို့ စမတ်ဖုန်းတစ်လုံးကို စဉ်းစားနေပြီဆိုရင်တော့ အခု HUAWEI Y7a က ဈေးနှုန်းသင့်တင့်ပြီး Overall features တွေနဲ့ ဘက်ထရီပိုင်းမှာ ပေးရတဲ့ဈေးထပ်တန်တဲ့ စွမ်းဆောင်ရည်မျိုးကို ရရှိစေမှာပဲဖြစ်ပါတယ်။

Go Big with Bigger Display and HUAWEI SuperCharge

ထုံးစံအတိုင်း Display ပိုင်းကနေပဲ စတင်လိုက်ရရင် HUAWEI Y7a မှာ ၆.၆၇လက်မအရွယ် HD Screen ကို သုံးစွဲပေးထားပြီး မြင်ဖူးနေကျ Budget ဖုန်းတွေမှာ မြင်တွေ့နေကျမဟုတ်တဲ့ မဟုတ်တဲ့ 2,400 x 1,080p Resolution အသုံးပြုပေးထားပါတယ်။ ခါတိုင်းလို 720p မဟုတ်တော့သလို 6.67” Screen မှာ 394ppi နဲ့ ပုံရိပ်တွေကို ညက်ညောစွာ ဖော်ပြနိုင်မယ်။ ဒါကြောင့် အားလပ်ရက်တွေမှာ တောက်လျှောက် ဂိမ်းပဲဆော့ဆော့ ၊ ရုပ်ရှင်ပဲကြည့်ကြည့် ကြည်လင်ပြတ်သားစွာ ရှုစားနိုင်သလို သူ့မှာပါဝင်တဲ့ 5,000mAh Battery နဲ့ အချိန်အတိုင်းတာ ပိုမိုကြာမြင့်စွာ ဖျော်ဖြေရေး App တွေကို အသုံးပြုနိုင်ဦးမှာပဲဖြစ်ပါတယ်။

HUAWEI Y7a ဟာ Battery ပိုင်း အားဖြည့်ထားတဲ့ ဖုန်းအားလျော်စွာ Entertainment အပိုင်းနဲ့ ညပ်ပြောရင်း စကားမစပ် ပြောလိုတာက ဘယ်သူမှ အားသွင်းကြိုးတန်းလန်းနဲ့ ဂိမ်းကစားတာ မနှစ်သက်ပါဘူး။ ကြိုးတကားကားနဲ့ အမြင်ရှုပ်သလို ဂိမ်းဆော့တာကိုလည်း Control အပိုင်း အနှောက်ယှက်ပေးလို့ ဂိမ်မာအများစု 100% Full Charge State ကနေ ကုန်ရင်ကုန်တဲ့အထိ ဆော့လို့ရသမျှအချိန်တစ်ခုအထိ  ဂိမ်းဆော့တတ်ကြလေ့ရှိပါတယ်။ 

ဒီလို အခြေအနေမျိုးအတွက် နှေးကွေးတဲ့ Charging စနစ် နဲ့ သွင်းနေရင် အလုပ်မဖြစ်တော့ပါဘူး ၊ Y7a ဟာလည်း ဂိမ်းနဲ့ ရုပ်ရှင်တွေကို ကောင်းမွန်စွာ ကြည့်ရှု အသုံးပြုနိုင်စေအောင် ဖန်တီးတည်ဆောက်ထားတဲ့ အလျောက် လိုက်ဖက်စေမယ့် အမြန်အားသွင်းစနစ် 22.5W HUAWEI SuperCharge စနစ်နဲ့ ကြာမြင့်စွာအသုံးပြုဖို့အတွက် အားသွင်းရာမှာ ပိုမိုလျင်မြန်စွာ အားပြည့်စေသလို၊ ခဏတဖြုတ်အားသွင်းရင်း တာရှည်သုံးလိုသူအတွက် အဆင်ပြေအောင် စီမံထားပါတယ်။

HUAWEI ရဲ့အဆိုအရ ၁၀မိနစ်ခန့် အားသွင်းရုံနဲ့ ဗီဒီယိုတွေကို ၂ နာရီအထိ ကြည့်ရှုနိုင်တယ်လို့ ဆိုထားသလို အချိန်တိုအတွင်း အမြန် အားသွင်းနိုင်တဲ့ အားသာချက်က ကော်ဖီထဖျော်တာ ၊ ခဏတဖြုတ် အနားယူတဲ့ အချိန်တစ်ပြိုင်နက်ထဲမှာ အလုပ်နှစ်ခု ပြီးစေတယ်လို့ ဆိုရမှာပါ။

48MP A.I Quad Camera Setup 

ဖျော်ဖြေရေးအပိုင်း ပြောပြီးသွားလို့ ကင်မရာပိုင်း ဆက်ရရင် သိတဲ့အတိုင်း HUAWEI ဟာ စမတ်ဖုန်းကင်မရာ ရိုက်ကူးမှု Photography အပိုင်းမှာ ထင်ရှားတဲ့ အားသာချက်တွေ ရှိတယ်။ Flagship Level မှာ အသိသာဆုံး ဆိုပေမယ့် ယခုလိုသူ့ဈေးတန်းဝန်းကျင် စမတ်ဖုန်းချင်း တွေနဲ့ ယှဉ်မယ် ဆိုရင်တောင် HUAWEI Y7a မှာ ကင်မရာ ၄လုံး ပါဝင်လာတဲ့အပြင် 48MP main camera sensor ကိုပါအသုံးပြုပေးထားတာပါ။ Primary Sensor ဖြစ်တဲ့ 48MP Sensor ဟာ High-definition ရိုက်ချက်တွေအတွက် အားကောင်းစေသလို 8MP Lens က Ultra-wide ရိုက်ချက်အတွက် မြင်ကွင်းကျယ်ပုံရိပ်တွေရရှိဖို့ ရိုက်ကူးနိုင်စေမှာပါ။ ကျန်ရှိနေတဲ့ 2MP Sensor နှစ်လုံးက Portrait Effect (Depth of Filed) နဲ့ Macro Shot ကို 4cm အကွာဝေးကနေ ရိုက်ကူးနိုင်တဲ့အထိ စွမ်းဆောင်ပေးနိုင်ပါတယ်။ 

128GB Built-in Storage

အခုလို သုံးပျော်တဲ့ Budget စမတ်ဖုန်းမှာ 4GB RAM နဲ့ 128GB Storage ထည့်သွင်းထားတာ ကျေနပ်စရာလို့ ဆိုရဦးမှာပါ။ ဒီလိုဈေးတန်းဝန်းကျင်ဖုန်းတွေမှာ 3GB RAM  ဒါမှမဟုတ် မန်မိုရီ 64GB Storage မျိုးတွေကိုပဲ အများဆုံး မြင်နေကျ ဖြစ်ပေမယ့် အခု HUAWEI Y7a မှာတော့  Entertainment အတွက်ရော Photography အတွက် RAM နဲ့ မန်မိုရီ Storage များများပေးထားတာ ပိုကောင်းတယ်လို့ပဲဆိုရမှာဖြစ်ပါတယ်။ 

EMUI 10.1 and more

Y7a ကို EMUI 10.1 နဲ့ ထွက်ရှိလာတာဖြစ်ပြီး Operating System ပိုင်းမှာဖြည့်စွက်ထားတဲ့ အားသာချက်တွေကြောင့် သုံးစွဲသူတွေ အနေနဲ့ လျင်မြန်တဲ့ ချိတ်ဆက်မှု ၊ Shortcuts နဲ့ Gestures အစရှိတဲ့ Accessibility ပိုင်း သုံးစွဲမှုတွေမှာ မွေ့လျော်စွာ အသုံးပြုနိုင်သလို ပိုပြီးစမတ်ကျတဲ့ အသုံးပြုမှုအတွေ့အကြုံ ကိုလည်း ရရှိစေနိုင်တယ်။ နောက်ပြီး Single-tap သို့ Double-tap လုပ်ရုံနဲ့ Screenshot ၊ Screen Record Function နှစ်မျိုး လုပ်ဆောင်နိုင်တာမို့ သုံးစွဲသူတွေအတွက် ပိုမိုအသုံးတည့်စေတဲ့ အတွေ့အကြုံကို ရရှိစေတယ်လို့ ဆိုရမှာပါ။ Application ပိုင်းအတွက်ကို AppGallery နဲ့ အားဖြည့်ပေးထားပြီး သုံးစွဲသူ အလိုကျ Social Media ၊ Games ၊ Music အစရှိတဲ့ Category အလိုက် Apps တွေကို Download ဆွဲ အသုံးပြုနိုင်မယ်။ ဒါ့အပြင် Petal Search ကတဆင့် ရှာဖွေလိုတဲ့ Apps ၊ Image ၊ News အစရှိတာတွေကို Home Screen Widget ကတဆင့် အလွယ်တကူ ရှာဖွေနိုင်ပါသေးတယ်။

ဒါကြောင့် ဖုန်းလဲဖို့ စဉ်းစားနေတယ် ၊ ငွေကြေးပိုင်းအတွက်လည်း အများကြီးသုံးမယ့် အစား All Rounder Performance ကောင်းကောင်းနဲ့ ဖုန်းတစ်လုံးကို စဉ်းစားနေပြီဆိုရင် HUAWEI Y7a ကို ဦးစားပေးရွေးချယ်သင့်ပါတယ်လို့ပဲ ညွှန်းပေးရမှာပဲဖြစ်ပါတယ်။ ပြီးတော့လည်းအခုလို နှစ်သစ်ကူးနဲ့ ခရစ်စမတ်ကာလမှာ လူကြီးမိဘတွေပဲဖြစ်ဖြစ်၊ ကိုယ်ချစ်ခင်ရတဲ့ မိတ်ဆွေအပေါင်းအသင်းစတဲ့သူတွေအတွက် သင့်တော်တဲ့ စမတ်ဖုန်းလက်ဆောင်ပေးမယ်ဆိုရင်လည်း သင့်တော်စေမှာပါ။ HUAWEI Y7a စမတ်ဖုန်းကို Crush Green ၊ Blush Gold နဲ့ Midnight Black အရောင် (3) မျိုးနဲ့ ရွေးချယ်နိုင်ပြီး အရောင်းဆိုင်တွေမှာ 249,000 ကျပ်နဲ့ ဝယ်ယူနိုင်ပါတယ်။

Related Articles