You are here

Apps များကို ပိုမိုလွယ်ကူ လျင်မြန်စွာ ရှာဖွေနိုင်မည့် Petal Search Widget – Find Apps ဝန်ဆောင်မှုသစ်ကို HUAWEI မှ မိတ်ဆက်

Apps
Mobile
Huawei
World

 Huawei သည် Huaweiဖုန်းအသုံးပြုသူများအတွက် မိုလွယ်ကူလျင်မြန်စွာဖြင့် Application များကို အလွယ်တကူ ရှာဖွေဒေါင်းလုတ်ဒ်ရယူနိုင်မည့် Petal Search Widget – Find Apps ဝန်ဆောင်မှုကို မိတ်ဆက်ခဲ့ပြီဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ကြေငြာခဲ့ပါသည်။ အဆိုပါ ဝန်ဆောင်မှုကို လွယ်ကူစွာ ရရှိနိုင်မည်ဖြစ်ပြီး Huawei ဖုန်းအသုံးပြုသူများ အနေနှင့် Petal Search – Find Apps (အပလီကေးရှင်း) ကို App Gallery မှတစ်ဆင့် Download ပြုလုပ်ထည့်သွင်းပြီး အဆိုပါ Apps မှတစ်ဆင့် ပိုမိုများပြားသည့် Apps များကို အလွယ်တကူရှာဖွေရယူအသုံးပြုနိုင်မှာပဲဖြစ်ပါသည်။
အဆိုပါ Petal Search Widget – Find Apps ဝန်ဆောင်မှုကို Huawei Mobile Services (HMS) စနစ်သုံး စမတ်ဖုန်းများဖြစ်သည့် P40 Pro၊ Mate 30 Pro၊ nova 7i၊ Y8p၊ Y7p၊ Y6p၊ Y5p အစရှိသည့် စမတ်ဖုန်းများတွင်သာမက MatePad Pro၊ MatePad T8 အစရှိတဲ့ HMS စနစ်သုံး တက်ဘလက်များအတွက်ပါ ရရှိနိုင်မှာပဲဖြစ်ပါသည်။ လက်ရှိအချိန်တွင် Petal Search Widget – Find Apps ဝန်ဆောင်မှုနှင့် အတူ Huawei Mobile Services (HMS) ကို အသုံးပြုထားသည့် စမတ်ဖုန်းများတွင် Apps များကို ပိုမိုလွယ်ကူစွာ ရယူနိုင်မည့် နည်းလမ်းတစ်ခု တိုးတက်လာခြင်းလည်းဖြစ်ပါသည်။ Huawei ဖုန်းများတွင် Apps များကို ရယူနိုင်မည့် နည်းလမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
 Phone Clone - ယခင်ဖုန်းဟောင်းမှ Apps များ၊ ဖုန်း Contacts များ၊ ဖိုင်များနှင့် ဓာတ်ပုံ၊ ဗီဒီယို အစရှိသည်တို့ကို ဖုန်းအသစ်သို့ အချိန်ခဏလေးအတွင်း လွယ်ကူစွာဖြင့် ကူးပြောင်းရယူနိုင်မည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။
AppGallery – AppGallery သည် Huawei ၏ တရားဝင် App Store ဖြစ်ပြီး လက်ရှိအချိန်တွင် လစဉ်သုံးစွဲသူပေါင်း သန်း၄၂၀ ခန့်ရှိကာ လက်ရှိရယူနိုင်မည့် Apps အရေအတွက်လည်း စဉ်ဆက်မပြတ် တိုးပွား လာနေသော App Store Platform တစ်ခုလည်း ဖြစ်သည်။Petal Search Widget – Find Apps - လက်ရှိ မိတ်ဆက်လိုက်သော နည်းပညာ ဝန်ဆောင်မှုအသစ်ဖြစ်ပြီး Search Engine နှင့်အတူ Home Screen တွင် Widget ပါ ထုတ်ထားပြီး အဆိုပါ Widget မှတစ်ဆင့် App များကိုပါ လွယ်ကူလျင်မြန်စွာ ရယူနိုင်မည့် နည်းပညာဖြစ်ပါသည်။
Petal Search Widget – Find Apps သည် Petal Search Engine ကို ကျောထောက်နောက်ခံယူထားပြီး App များကိုလွယ်ကူစွာ ရယူနိုင်ရုံသာမက အသုံးပြုသူများအတွက် ရှာဖွေမှုအတွေ့အကြုံသစ်ကိုပါ ရရှိစေမှာဖြစ်ပါသည်။ လက်ရှိအချိန်တွင် မိမိရှာဖွေလိုက်သော App ကို ရင်းမြစ်များစွာမှ ရှာဖွေပေးပြီး မည့်သည့် ရင်းမြစ်မှ လာသည်ကိုပါ တစ်ပါတည်းဖော်ပြပေးထားပါသည်။ App များကို အလွယ်တကူ Update ပြုလုပ်နိုင်မည့် Feature ကိုပါ ထည့်သွင်းပေးထားပါသည်။ ထို့အပြင် Petal Search Widget သည် HUAWEI App Gallery နှင့် တစ်သားတည်းဖြစ်အောင်ပေါင်းစည်းတည်ဆောက်ထားသည့်အတွက် App Gallery မှ ထိပ်တန်း App များ၊ လူသုံးအများဆုံး App များကိုပါ အလွယ်တကူ တွေ့မြင်နိုင်မှာဖြစ်ပါသည်။ Huawei App Gallery သည်လည်း စဉ်ဆက်မပြတ် တိုးတက်နေသော App Store Platform တစ်ခုဖြစ်ပြီး အပတ်စဉ် App အသစ် ရာပေါင်းများစွာ အသစ်ဝင်ရောက်လာလျက်ရှိပါသည်။
လက်ရှိအချိန်တွင် Petal Search Widget – Find Apps ဝန်ဆောင်မှုကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၄၅ နိုင်ငံတွင် စတင်အသုံးပြုနိုင်ပြီ ဖြစ်ပြီး ဘာသာစကားအထောက်အပံ့ အမျိုး၄၀ အထိဖြင့်ဝန်ဆောင်မှု ရရှိနိုင်မှာဖြစ်ပါသည်။

Related Articles