You are here

အာရှပစိဖိတ် အင်တာနက်လုပ်ငန်းများဆိုင်ရာ အွန်လိုင်းထိပ်သီးဆွေးနွေးပွဲတွင် HUAWEI က မဟာဗျူဟာလမ်းစဥ်သစ်များကိုကြေညာခဲ့

Mobile
Huawei
Technology

“Go Cloud, Go Global” အမည်ဖြင့် ကျင်းပခဲ့သည့် HUAWEI CLOUD အာရှပစိဖိတ် အင်တာနက်လုပ်ငန်းများဆိုင်ရာ အွန်လိုင်းထိပ်သီးဆွေးနွေးပွဲတွင် အာရှပစိဖိတ်နိုင်ငံပေါင်း ၁၀ ခုကျော်တို့မှ ကျွမ်းကျင်သူများက လုပ်ငန်းကဏ္ဍဆိုင်ရာ အနေအထားနှင့် အပြောင်းအလဲများအပေါ် ရှုမြင်သုံးသပ်မှုများ၊ သတင်းအချက်အလက်နှင့် ဆန်းသစ်တီထွင်မှုများကို မျှဝေနိုင်သည့် ဂေဟစနစ်နှင့် ကျွမ်းကျင်သူများ ဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးခြင်း၏ အရေးပါပုံတို့ကို မျှဝေခဲ့ကြပြီး  Huawei က  ဒေသတွင်း enterprise  လုပ်ငန်းများအတွက်  5G၊ cloud နှင့် AI နည်းပညာများဖြင့်  နိုင်ငံတကာစင်မြင့်သို့ တက်လှမ်းနိုင်စေမည့် မဟာဗျူဟာ လမ်းစဉ်များကို ကြေညာခဲ့သည်။ ယင်းအစီအစဉ်များတွင် အင်တာနက်ကုမ္ပဏီများကို ဒေသတွင်း တွင်သာမက ကမ္ဘာ့အဆင့်သို့ ဖြန့်ကျက်နိုင်စေရန်အတွက်  ကမ္ဘာ့အဆင့် Huawei Mobile ဝန်ဆောင်မှု (HMS) ဂေဟစနစ်ကို US $  သန်း ၁၀၀ ဖြင့် မတည်၍ တည်ဆောက်သွားမည့် အစီအစဉ်လည်း ပါဝင်သည်။

“ကမ္ဘာ့အဆင့် ကွန်ရက်ချိတ်ဆက်နိုင်မှု၊ ဝန်ဆောင်မှုနဲ့ ဂေဟစနစ်တွေကို အသုံးပြုရင်းနဲ့ HUAWEI CLOUD ဟာ ကမ္ဘာအနှံ့မှာ ရရှိနိုင်ပြီး ယုံကြည်အားထားရတဲ့ open platform တစ်ခုကို ပံ့ပိုးပေးထားပြီး အင်တာနက်ကုမ္ပဏီတွေကို နိုင်ငံတကာအဆင့် လုပ်ငန်းတိုးချဲ့နိုင်ဖို့ အကူအညီပေးနေပါတယ်” ဟု HUAWEI CLOUD နိုင်ငံတကာ လုပ်ငန်းဌာန ဒါရိုက်တာ Mark Chen က ဆိုသည်။

လက်ရှိတွင် Global 500 ကုမ္ပဏီများအနက် ၂၂၈ ခု၊ ကမ္ဘာ့ထိပ်တန်း enterprise လုပ်ငန်း ၁၀၀ အနက်မှ ၅၈ ခုတို့က Huawei ကို ယင်းတို့၏ ဒီဂျစ်တယ် အသွင်ကူးပြောင်းရေး မိတ်ဖက်အဖြစ် ယုံကြည်စွာ ရွေးချယ်ထားကြသည်။ ဂေဟစနစ်များအတွင်း မိတ်ဖက်များ၊ developer များက HUAWEI CLOUD ကို အသုံးပြု၍ ဝန်ဆောင်မှုများကို မြှင့်တင်လာနိုင်ပြီး AI၊ 5G နှင့် big data တို့ကို အသုံးပြု၍ ဉာဏ်ရည်မြင့် application များကိုလည်း ပံ့ပိုးပေးနိုင်ခဲ့သည်။ စင်္ကာပူ၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းများစွာက  Huawei ၏ အပြတ်အတောက်မရှိသော အထောက်အပံ့ဖြင့် ကမ္ဘာ့အဆင့်ထိ ချဲ့ထွင်လုပ်ကိုင်နိုင်ခဲ့ကြသည်။

အခမ်းအနားတွင် Huawei က အာရှပစိဖိတ်ဒေသတွင် စတင်မည့် ကမ္ဘာ့အဆင့် အစီအစဉ်ဖြစ်သော Brilliant Plan ကိုလည်း ကြေညာခဲ့သည်။ ယင်းအစီအစဥ်မှာ အင်တာနက်ကုမ္ပဏီများနှင့် ကမ္ဘာ့အဆင့် တယ်လီကွန်းများကြား မဟာမိတ်အင်အားစုဖွဲ့စည်းသွားမည့် အစီအစဉ် ဖြစ်သည်။

“ဒေသခံတယ်လီကွန်းတွေနဲ့ အင်တာနက်ကုမ္ပဏီတွေကြားမှာ မိတ်ဖက်ဖွဲ့စည်းဖို့ ပိုမို လွယ်ကူလာစေမယ့် ဂေဟစနစ် တစ်ခုကို တည်ဆောက်သွားဖို့ Huawei က ရည်ရွယ်ပါတယ်” ဟု Huawei အာရှပစိဖတ်ဒေသ Carrier လုပ်ငန်းနှင့် ကွန်ရက် အကြံပေးဌာန ဒါရိုက်တာ Zhang Jing က ဆိုသည်။ “သူတို့တွေ စျေးကွက်အသစ်တွေထဲ ဝင်ရောက်ရာမှာ ဒါက အကြီးအကျယ် အထောက်အကူ ဖြစ်စေမှာပါ” ဟု ယင်းက ရှင်းပြခဲ့သည်။

ဥပမာအားဖြင့် Huawei ၏ SHAREit ပလက်ဖောင်းသည် ကမ္ဘာအနှံ့ လူကြိုက်များလာသည့် ၊ content အလွယ်တကူ မျှဝေမှုဆိုင်ရာ ပလက်ဖောင်းဖြစ်သည်။ ယင်းကို ကမ္ဘာအနှံ့ အသုံးပြုလျက်ရှိသူ ဦးရေ (use base) ၁.၈ ဘီလီယံ ကျော် ရှိပြီး လစဉ်အသုံးပြုသူ (MAU)0. ၆ ဘီလီယံ ရှိနေပြီသည်။

“ကျွန်တော်တို့အတွက် HUAWEI CLOUD က စွမ်းဆောင်ရည်မြင့်တဲ့ အခြေခံအဆောက်အအုံတွေ ပံ့ပိုးပေးနေပါတယ်။ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေနဲ့ ပိုမိုကိုက်ညီတဲ့ အတွေ့အကြုံမျိုးတွေ ပေးနိုင်စေဖို့ HUAWEI CLOUD ရဲ့ big data ဝန်ဆောင်မှုတွေနဲ့ AI စွမ်းဆောင်မှုကို အသုံးပြုထားတဲ့ ဉာဏ်ရည်မြင့် အကြံပြုချက် ဝန်ဆောင်မှုက ကျွန်တော်တို့ကို အကူအညီပေးပါတယ်” ဟု SHAREit ၏ သု/ဖွံ့ ဒါရိုက်တာ Henry Yu က ဆိုသည်။

ယင်းသို့သော အထောက်အကူများက ကြီးမားများပြားသည့် စီးပွားရေးအခွင့်အလမ်းများကို ကိုယ်စားပြုသည်။ ဤအချက်ကို ယင်းထိပ်သီးဆွေးနွေးပွဲတွင် ထုတ်ပြန်သည့်၊ Huawei Cloud ၏ 2020 Go Global စက္ကူဖြူစာတမ်းက သက်သေပြနေသည်။ အင်တာနက်ဆက်နွယ် လုပ်ငန်းများအတွက် အလားအလာများနှင့် စိန်ခေါ်မှုများကို ယင်းစာတမ်းက အသေးစိတ် ဖော်ပြထားသည်။

အထူးသဖြင့် ကပ်ရောဂါကြောင့် အသွားအလာများ ကန့်သတ်ထားချိန်အတွင်း NetEase Games ကဲ့သို့သော မိုဘိုင်းဂိမ်း အော်ပရေတာများအနေဖြင့် တဟုန်ထိုး တိုးတက်ဖြစ်ထွန်းမှုများ ကြုံခဲ့ရသည်။ အားကောင်းသည့် cloud ဝန်ဆောင်မှုများက ထိုသို့ တိုးတက်မှုများဆီ ဦးတည်စေကြောင်း သက်သေပင်ဖြစ်သည်။

“ကျွန်တော်တို့အတွက်တော့ HUAWEI CLOUD က ‘လမ်းခင်းပေးခဲ့တယ်’ လို့ ပြောလို့ ရပါတယ်။ တနည်းဆိုရရင် ကျွန်တော်တို့ဟာ မကြာခဏဆိုသလို HUAWEI CLOUD data center တွေ ရှိတဲ့ ဒေသတွေကို ရွေးချယ်ပြီး ကျွန်တော်တို့ရဲ့ ဂိမ်းတွေကို မိတ်ဆက်ခဲ့ပါတယ်” ဟု NetEase Games ၏ Booming Games ကဏ္ဍ CEO ဖြစ်သူ Wang Xi က ဆိုသည်။

IDC မှ မကြာသေးမီက ထုတ်ပြန်သည့် အစီရင်ခံစာအရ အာရှပစိဖိတ် ဖက်စပ် cloud စျေးကွက်တွင် HUAWEI CLOUD က တတိယနေရာမှ ရပ်တည်နေပြီး အာရှပစိဖိတ် စျေးကွက် ၁ ၏ အဓိက Cloud ဝန်ဆောင်မှု ဖြစ်လာသည်။

 

 

Related Articles