You are here

8.5 Score

Vivo V20 Review

Price List

  • {{ pricelist.name }}
    {{ pricelist.ram }}
    {{ pricelist.price }}
  • Vivo V20 Review's Key Features

    SIZE 6.44in 1080 x 2400 pixels
    CAMERA 64MP Front 44MP
    CPU Octa-core
    RAM 8GB up to 256GB Storage
    Android OS Funtouch OS 11
    BATTERY 4000mAh Li-Pol

    Andriod စမတ်ဖုန်းတွေရဲ့ Screen- to Body Ratio မြင့်မားစွာထည့်သွင်းနိုင်ရေးလုပ်ဆောင်မှုမှာ vivo v20 က ပါလှပ်လှပါတယ်။ဒါအပြင်features ပိုင်မှာ   selfie ကင်မရာ 44MP Eye Autofocus, နောက် ကင်မရာ 64MP သုံးလုံး၊ အပါလွှာဆုံး တီထွင်မှု  7.38mm ကိုယ်ထည်၊6.44-in1080p AMOLED FHDပါဝင်လာပါတယ်။ပါလွှာမှုမှာ7.8mm body နဲ့အလေးချိန်-171gဖြစ်တဲ့အတွက် ကိုင်တွယ်ရာမှာကောင်းလှပါတယ်။“The Thinnest smartphone of2020” လိုလည်းဆိုလာပါတယ်။Vivo v20 ကပြီးခဲ့တဲ့ အောက်တိုဘာ၁၃ က အိန္ဒိယ မှာမိတ်ဆက်ခဲ့ပြီး၊ ခုနောက်ဆုံးအပတ်မှာ မြန်မာစေ◌ျးကွက်ကို ဝင်ရောက်လာခဲ့ပါတယ်။စေ◌ျးနှုန်းက တော့- ၄၉၉,,၈၀၀ကျပ်ဖြစ်ပါတယ်။ဖုန်းမထွက်ခင် ချို့ကတော့ခြောက်သိန်းနီပါလောက်ခန့်မှန်းခဲ့ကြတယ်။အခုလို စေ◌ျးနှုန်းနဲ့ ပြည်တွင်ကို ဝင်ရောက်လာတော့ အတော်ကိုတန်းပါတယ်။ ခုလိုကိုဗစ်ကာလမှာ မိတ်ဆက်လိုက်တဲ့ Vivo v20မှာ ဘာတွေထူးခြားလာမလဲကြည့် ကြည့်လိုက်ရအောင်ဗျာ…

     

     

     

    VIVO V20 ကစထွက်လာကတည်းက အလှအပ နဲ့ အရောင်းကိုဦးစားပေးလာပါတယ်။အထူးသဖြင့်ပါလွှာမှုအပိုင်ပါ အတော်ကို အားထုတ်ထားပါတယ်။ V 20 ရုပ်ထွက် ဆွဲဆောင်မှု ရှိတယ် မျက်နှာပြင်က ၆.၄၄ လက်မ၊လှပတဲ့ Authentic colors နဲ့ထွက်ရှိလာပါတယ်။Scan to body ratio က၂၀:၉ ပါ။Display အနေနဲ့တော့ AMOLED FHD အထိပေးစွမ်းထားပါတယ်။ ‌ကျောဖက်ကို Ultra-Sleek AG Matte Glass အမျိုးအစားနဲပြုလုပ်ထားလို အတော်လေးကို သပ်ရပ်လှပါတယ်။
    အလေးချိန်၁၇၁g အလေးချိန်ရှိပြီ၊ကျောဘက်မှာ64 MPကင်မရာသုံးလုံးပါဝင်လာပါတယ်။ထွက်ခဲ့သမျှ vivo ဖုန်းတွေကတော့  ကင်မရာပိုင် အားရစရာတွေရှိခဲ့တယ်ဆိုတာ vivo  Funsတွေသိပါတယ်။ flagship V-series‌ တွေလိုအားရစရာတွေရပါတယ်။V20ကဖုန်းရဲ့ထူးအပါးနဲ့ပေါ့ပါးမှုကိုဇောင်းပေးထားသလိုထူးခြားစွားပါးလှပ်လှပါတယ်။“The Thinnest smartphone of2020” လိုလည်းဆိုလာပါတယ်။

    ကျောဘက်ကင်မရာသုံးလုံးကို ကျောဘက်ညာဘက်ချမ်းမှာ လေးဒေါင့်ပုံထည့်သွင်းထားပါတယ်။ ကင်မရာအောက်ဘက်မှာ Vivo လိုဂိုပါဝင်ပါတယ်။ ဖုန်းအောက်ခြေမှာ USB Type C ၊ မိုက်ခရိုဖုန်းပေါက်တို့ ပါဝင်ပါတယ်။Sim ကဒ် Slot ကို အရင် VIVO V5 Matte Black ကလိုမျိုး ဘေးဘက်အပေါ်မှာပါလာပါတယ်။ ဖုန်းအပေါ်ပိုင်းမှာ Selfie Camera ၊အောက်ခြေမှာနားကြပ်ပေါက်၊ မိုက်ခရိုဖုန်းတို့ ပါဝင်ပါတယ်။ ဖုန်းညာခြမ်းမှာ အသံအတိုးအချဲ့ခလုတ်၊ ပါဝါခလုတ်တို့ကို ထည့်သွင်းထားပြီး ဘယ်ခြမ်းမှာ Google Assistant ခလုတ် ပါဝင်ပါတယ်။ဒါအပြင် update သတင်းတွေကို ဘယ်ဘက်ကိုဆွဲလိုက်တာနဲတင်ဖတ်ရှုနိုင်မှာပါ။ ထူးခြားမှုအနေနဲ့တော့  အခုထွက်လာတဲ့ V20 မှာ Google Lens,GoogleProdcasts,Duo နဲ့ YT Music စတာတွေပါဝင်လာပါတယ်။
    Seifle ကင်မရာမှာ 
    44MP ပါဝင်ပြီ၊ Eye AutoFocus စနစ်ထည့်သွင်းထားပါတယ်။ အနောက်ဖက်က 64MP ကင်မရာ သုံးလုံးပါဝင်ပါတယ်။
    ပါးလွှာမှုနှုန်းက7.38mm သာရှိနေပြန်တယ်။နောက်ဖက် ကျောကို မှန်းသားနဲ့ ပြုလုပ်ထားပြီး၊အရောင်ကတော့၂ မျိုးပါဝင်လာပြီ။Sunset Melody ကတော့ အတော်လေးကို လှတဲ့အရောင်ပါ။ မိန်းကလေးဆန်တဲ့တောက်ပမှုမျိုးကိုပေးစွမ်းနိုင်ပါတယ်။နောက်အရောင် က Midnight Jazz ဖြစ်ပါတယ်။အမျိုးသားတွေအတွက် တော့ကြိုက်နှစ်သက်မှုရှိမှာအမှန်ပါ။ဖုန်းအထူကလည်း၇.၃၈မီလီမီတာ ရှိပါတယ်။ရုပ်ထွက်နှင့် ဒီဇိုင်းပိုင်းကို သုံးသပ်ရရင် ပြောစရာ အားနည်းချက် မရှိအောင် ကောင်းမွန်တယ်လို့ဘဲ ပြောရမှာ ဖြစ်ပါတယ်။

     

     

    Vivo V20 ကို Qualcomm Snapdragon 720 Chipset ၊ RAM8GB နှင့် အထိုင်ချထားပြီး Stroage 256 GB ပါဝင်ပါတယ်။Chipsetပိုင်း က ယခင် V17 ထက်ကောင်းမွန်သလို RAM ကယခင်အတိုင်ဖြစ်တာကြောင့်  ပြိုင်ကား Game Asphat 9 ၊ PUBG Mobile ၊ Mobile Legends ၊Fortnite စတဲ့ ဂိမ်းတွေကို တစ်စုံတစ်ရာ ထစ်ငေါ့ခြင်း မရှိဘဲ ကစားနိုင်ပါမယ်။ ဒါ့အပြင် ဂိမ်းကို ညက်ညောစွာ ကစားနိုင်ဖို့အတွက် Ultra Game Assistant စနစ်လည်း ထည့်သွင်းထားပါသေးတယ်။ ဈေးနူန်း ၄၉၉,၈၀၀ကျပ် သတ်မှတ်ထားတဲ့ ဖုန်းတစ်လုံးအတွက် Snapdragon 720 က သင့်တော်တယ်လို့ ပြောလို့ ရနိုင်ပါတယ်။ဒါအပြင်Game ကစာရာမှာ ကောင်းမွန်စေဖို့  Muti – Turbo ကို အဆင့်မြှင့်တင်တားတဲ့ ART++ Turboပါဝင်လာပါတယ်။ Funtouch OS 11ကိုအ‌ခြေခံထားတဲ့ Andriod 11ကိုသုံးထားတဲ့အတွက် Wifi ချိတ်ဆက်ဆွဲယူရာတွင် အလွန်းအားကောင်းစေသည်။ Jovi Home ကလည်း တမျိုးထူးခြားစေးတဲ့အပြင် ညာဖက်ကို လျှောဆင်းခြင်းဖြင့်အသုံးပြုနိုင်ပါတယ်။
    လုံခြုံရေးနဲ့ပတ်သက်ပြီးFingeprint Scanner မပါဝင်တော့ပဲ၊ Face Unlock သာ ပါဝင်ပါတယ်။Vivo V20 ရဲ့ စွမ်းဆောင်ရည်ကို ခြုံငုံသုံးသပ်ရရင် ကောင်းမွန်ပါတယ်။ 

     

     

    လူငယ်တွေအတွက် V စီးရီး က အောင်မြင်တဲ့ ဖုန်း တစ်မျိုးပါ ။Vivo V စီးရီးတွေ V20 စီးရီးသို့ ရောက်တဲ့အထိ အောင်မြင်မှု ရရှိလာတာ ကင်မရာပိုင်းကြောင့်ဆိုရင်လည်း မမှားပါဘူး။ ဒီအချက်နဲ့ ပတ်သက်ပြီး ဘယ်သူမှ အငြင်းပွားနိုင်မှာ မဟုတ်ပါဘူး။ လက်ရှိ V20 မှာ ကင်မရာပိုင်းက အတော်ကို ထူးခြာပြီး ပြောစရာတွေ များလို  တက်နိုင်သမျှ ပြည့်ပြည့်စုံစုံ မဖြစ်တောင် အတော်များများပြောသွားပေးပမယ်။ Vivo V20 မှာလည်း ကင်မရာပိုင်းနဲ့ ပတ်သက်ပြီး ရှေ့ကင်မရာကိုရော ကျောဘက်ကင်မရာကိုပါ အကောင်းဆုံး လုပ်ဆောင်ပေးထားပါတယ်။

    ရှေ့ကင်မရာနဲ့ပတ်သက်ပြီး စပြောရအောင်။ Vivo V17 Pro က Pop-Up စနစ်ထဲမှာ ရှေ့ကင်မရာနှစ်လုံး ပါဝင်တဲ့ ကမ္ဘာ့ပထမဆုံး စမတ်ဖုန်း ဖြစ်ခဲ့တဲ့ အတိတ်က မှတ်တိုင်တွေရှိခဲ့တယ်။ ခု ရှေ့ကင်မရာက Eye Autofocus စနစ်ကို စတင်မိတ်ဆက်လာတယ်။44PM Selfie မှာ အထူးပြုလုပ်ထားတဲ့  Ultra HD ကြောင့်တိကျပြတ်သားတဲ့ပုံရိပ်တွေထွက်အောင် စွမ်းဆောင်နိုင်ပါတယ်၊4K ရုပ်ထွက်လည်းအထောက်ပံ့ပေးပါတယ်။ Zooming ကိုလည် ချုံ့ ချဲ့ မှုရ နိုင်အောင်လုပ်ထားပါတယ်။ AF နဲ့အတူ မိမိရှေ့ ၁၅ စင်တီမီတာမှ စတင်ပြီ ရိုက်ကူနိုင်ပြီ၊Eye Autofocus ကိုလည်ရရှိနိုင်ပါတယ်။ဒါအပြင် face Ai,Night Super Selfie ,Photo Section သဖြင့်ပါဝင်ပါတယ်။
    ကျောဘက်ကင်မရာကတော့ သုံးလုံးပါဝင်ပြီ။ 64 MP Main camera ,8 MP Wide-angle, 2MP Mono camera စသဖြင့်ပါဝင်ပါတယ်၊

     

    ကျေနပ်စရာကောင်းတာကတော့ ဗီဒီယိုရိုက်ကူးမှုကိုရော Selfie Video ရိုက်ကူမှုကိုရော 4K Support လုပ်နိုင်တော့ ဆိုရှယ်မီဒီယာနဲ TIK TOK ဗီဒီယို တင်တတ်တဲ့သူအတွက် အလွန်အဆင်ပြေပါတယ်၊။နောက်ဆုံးအချက်က တော့Dual View Vedio recording လုပ်နိုင်ခြင်ပါပဲ။ကဲဒီတော့ V20 ကမပြည့်စုံသေပါဘူး။ ကင်မရာပိုင်းကို ခြုံငုံသုံးသပ် ရရင် Vivo V20 မှာ အကောင်းဆုံး အစိတ်အပိုင်းဆိုရင်လည်း မမှားပါဘူး။

    VIVO V20  မှာတော့ မိနစ်၃၀ အားသွင်တာနဲ့ battery 65% ထိအလျှင်အမြန်အားဝင်စေပါတယ်။ ဘက်ထရီ 4000 mAh ပါဝင်ကာ 33W Fast Charging ထောက်ပံ့ထားပါတယ်။ ဘက်ထရီပမာဏရော အားသွင်းမှုအပိုင်းပါ ကျေနပ်စရာပါ။ တစ်နေ့တာ အသုံးပြုဖို့ လုံလောက်တဲ့ ပမာဏ ဖြစ်ပါတယ်။ ဖုန်းအားအပြည့်သွင်းဖို့တော့ တစ်နာရီဝန်းကျင်းလောက်အချိန်ယူရပါမယ်။အရင် V17 ထက် Battery 100 ကျသွားတယ်ဆိုပေးမယ့် fast charging ကတော့ပိုကောင်းလာပါတယ်။

    9.00
    8.00
    8.50
    9.00
    8.50
    8.00
    Strength 
    Vivo V20 ကို ဝယ်ယူသူများအနေဖြင့် ကင်မရာပိုင်း၊ ဒီဇိုင်းပိုင်း၊ ရုပ်ထွက်ပိုင်း၊ ဘက်ထရီပိုင်းကတော့ ကျေနပ်စရာပါ။ကင်မရာပိုင်မှာ video က 4K ထွက်တယ်။Video editing အပိုင်မှာလည်အအတော်ကို စုံစုံထည့်ပေးထားပါတယ်။Game ပိုင်မှာလည် ပိုသွတ်လာတယ်။
    Weakness 
    Vivo v20 က အရင်က V17ထက် battery 100mAh ကျသွားတယ်။သိုပေမယ့် ပြီးပြည့်စုံတဲ့ ဖုန်းတစ်လုံးလို့ ပြောလို့ရပါတယ်။