You are here

8.6 Score

Vivo V17 Pro Review

Price List

  • {{ pricelist.name }}
    {{ pricelist.ram }}
    {{ pricelist.price }}
  • Vivo V17 Pro's Key Features

    SIZE 6.44in 1080 x 2400
    CAMERA 48MP Front 32MP, 8MP
    CPU 2.00GHz Octa-core
    RAM 8GB up to 128GB Storage
    Android OS 9.0 Pie
    BATTERY 4100mAh Li-Pol

    စမတ်ဖုန်းကုမ္ပဏီတွေရဲ့ Screen-to Body Ratio မြင့်မားစွာ ထည့်သွင်းနိုင်ရေး လုပ်ဆောင်မှုမှာ Pop-Up Selfie Camera ဒီဇိုင်းက Trend တခု ဖြစ်နေပါတယ်။ Pop-Up Selfie Camera ဒီဇိုင်းစ တင်ခဲ့တာ Vivo ဖြစ်ပါတယ်။ Vivo က စတင်ခဲ့တဲ့ Pop-Up Selfie Camera ဒီဇိုင်းကို အခြားစမတ်ဖုန်းကုမ္ပဏီများကလည်း လိုက်လုပ်လာခဲ့ကြတာ အားလုံးလည်း အသိဖြစ်ပါတယ်။ Vivo ကလည်း Pop-Up Selfie Camera Trend ကို စတင်တဲ့ ကုမ္ပဏီဖြစ်တာနဲ့အညီ အမြဲဆန်းသစ်နိုင်ဖို့ ကြိးစားနေပါတယ်။ Vivo က နောက်ဆုံး ကြေညာလာတဲ့ Vivo V17 Pro မှာ Pop-Up စနစ်မှာ ရှေ့ကင်မရာနှစ်လုံးအထိ ထည့်သွင်းလာပါတယ်။ Vivo V17 Pro က Pop-Up Selife Camera ပါဝင်တဲ့ ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းလည်း ဖြစ်ပါတယ်။ Vivo V စီးရီးက ယခင်တုန်းက အလယ်အလတ်တန်းစမတ်ဖုန်းသာ ဖြစ်ပေမယ့် နောက်ဆုံးမှာ Vivo ဟာ ဆန်းသစ်စနစ်တွေလည်း ထည့်သွင်းကာ အလယ်အလတ်တန်းထဲမှာ အကောင်းဆုံး စမတ်ဖုန်းစာရင်းဝင် စမတ်ဖုန်းဖြစ်အောင် လုပ်ဆောင်လာတာ တွေ့ရပါတယ်။

    Vivo V17 Pro မှာ Dual Pop-Up Selfie Camera အပြင် 48MP ကင်မရာပါ ကျောဘက်ကင်မရာလေးလုံး၊  Snapdragon 675၊ ဘက်ထရီ 4100 mAh ပါဝင်ပါတယ်။ ဒါကြောင့်လည်း ဖုန်းဈေးနူန်းကို မြန်မာကျပ်ငွေ ၆၂၉၈၀၀ သတ်မှတ်ထားပါတယ်/ အခု ကျန်တော့် လက်ထဲသို့ Vivo V17 Pro ရောက်နေပါတယ်။ Vivo V17 Pro က ပရိသတ်များအတွက် ရွေးချယ်သင့်တဲ့ စမတ်ဖုန်းကောင်းတစ်လုံးလား ကြည့်လိုက်ရအောင် . . .

    Vivo V17 Pro ရဲ့ဒီဇိုင်းက OnePlus 7 Pro ရဲ့ဒီဇိုင်းမျိုးသုံးထားပါတယ်။ မျက်နှာြပင် ၆.၄၄ လက်မကို ပုံမှန်မဟုတ်တဲ့ 20:9 Aspect Ratio သုံးထားတာကြောင့် ရှည်မျောမျော ဖြစ်နေပါတယ်။ ကျောဘက်မှာ မှန်သုံးထားပါတယ်။ ကျောဘက်ကင်မရာလေးလုံးကို ကျောဘက်အလယ်မှာ ဒေါင်လိုက်ထည့်သွင်းထားပါတယ်။ ကင်မရာအောက်ဘက်မှာ Vivo လိုဂိုပါဝင်ပါတယ်။ ဖုန်းအောက်ခြေမှာ USB Type C ၊ မိုက်ခရိုဖုန်းပေါက်၊ SIM ကတ်ပေါက်တို့ ပါဝင်ပါတယ်။ ဖုန်းအပေါ်ပိုင်းမှာ Pop-Up Camera ၊ နားကြပ်ပေါက်၊ မိုက်ခရိုဖုန်းတို့ ပါဝင်ပါတယ်။ ဖုန်းညာခြမ်းမှာ အသံအတိုးအချဲ့ခလုတ်၊ ပါဝါခလုတ်တို့ကို ထည့်သွင်းထားပြီး ဘယ်ခြမ်းမှာ Google Assistant ခလုတ် ပါဝင်ပါတယ်။ အလေးချိန် ၂၀၁ ဂရမ်ရှိတာကြောင့် အနည်းငယ်လေးတယ်လို့ ပြောလို့ရပါတယ်။ ဖုန်းအထူကလည်း ၉.၈ မီလီမီတာ ရှိပါတယ်။ ဒီဖုန်းကို Crystal Black ၊ Crystal Sky အရောင်တို့နှင့် ရွေးချယ်နိုင်ပါမယ်။ Crystal Black အရောင်က အမျိုးသား တွေအကြိုက် အရောင်ဖြစ်ပြီး Crystal Sky ကတော့ မိန်းကလေး တွေ အကြိုက် အရောင် ဖြစ်လာပါမယ်။ ကျောဘက်မှာ မှန်သုံးထားတာကြောင့် အလွယ်တကူ ပြုတ်ကျပြီး အက်ကွဲမှာ စိုးရိမ်ရပေမယ့် ဗူးအတွင်းမှာ ကာဗာ တစ်ပါတည်း ထည့်သွင်းပေးထားပါတယ်။ ဒါပေမယ့် ကာဗာက အဖြူရောင်ဖြစ်နေတာကတော့ ဖုန်းရဲ့ ဆွဲဆောင်မှုရှိတဲ့ အရောင်ကို ဖျောက်ထားသလို ဖြစ်နေပါတယ်။

    Pop-Up စနစ်သုံးထားတာကြောင့် မျက်နှာြပင်မှာ Notch မပါဝင်တော့ဘဲ Screen-to Body Ratio ၉၀ ရာခိုင်နူန်းနီးပါး ပါဝင်လာပါတယ်။

    Super AMOLED FHD+ Ultra FullView ရုပ်ထွက်သုံးထားကာ အလင်းပေးမှု 409 ppi ရှိပါတယ်။ အလင်းပေးမှုကောင်းမွန်သလို အရောင်ပေးမှုလည်း ကောင်းမွန်ပါတယ်။ အရောင်ပေးမှုအပိုင်းက iPhone 11 Pro နီးပါး ကောင်းမွန်ပါတယ်။ ဒါပေမယ့် အရောင်ပေးမှုက သဘာ၀ကျမှုတော့ သိပ်မရှိတာ တွေ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် အရောင်ပေးမှု၊ အလင်းပေးမှုကောင်းမွန်တဲ့ ရှည်ရှည်မျောမျော ရုပ်ထွက်ဒီဇိုင်းကြောင့် ရုပ်ရှင်ကြည့်တဲ့အခါမှာဘဲ ဖြစ်ဖြစ် ဂိမ်းကစားတဲ့အခါဘဲ ဖြစ်ဖြစ် တော်တော်ကောင်းမွန်တာ တွေ့ရပါတယ်။

    Vivo ဟာ ရုပ်ထွက်ပိုင်းနဲ့ပတ်သက်ပြီး အလွန်အသုံးဝင်တဲ့စနစ်များအဖြစ် Auto Brightness ၊ Eye Protection ၊ Colour Temperature Adjustment ၊ Dark Mode တို့ ပါဝင်သလို Aspect Ratio ကိုလည်း လိုသလို ပြောင်းသုံးနိုင်အောင် လုပ်ဆောင်ပေးထားပါတယ်။

    ရုပ်ထွက်နှင့် ဒီဇိုင်းပိုင်းကို သုံးသပ်ရရင် ပြောစရာ အားနည်းချက် မရှိအောင် ကောင်းမွန်တယ်လို့ဘဲ ပြောရမှာ ဖြစ်ပါတယ်။

    Vivo V17 Pro ကို Qualcomm Snapdragon 675 Chipset ၊ RAM8GB နှင့် အထိုင်ချထားပြီး Stroage 128GB ပါဝင်ပါတယ်။ ယခုနှစ် အစောပိုင်းတုန်းက ထွက်ခဲ့တဲ့ V15 Pro မှာ အသုံးပြုထားတဲ့ Chipset နှင့် အတူတူဖြစ်ပါတယ်။ Chipset ပိုင်း ကောင်းမွန်သလို RAM ကလည်း မြင့်မားတာကြောင့် Asphat 9 ၊ PUBG Mobile ၊ Fortnite စတဲ့ ဂိမ်းတွေကို တစ်စုံတစ်ရာ ထစ်ငေါ့ခြင်း မရှိဘဲ ကစားနိုင်ပါမယ်။ ဒါ့အပြင် ဂိမ်းကို ညက်ညောစွာ ကစားနိုင်ဖို့အတွက် Game Boost လို စနစ်မျိုးလည်း ထည့်သွင်းထားပါသေးတယ်။ ဒီနေရာမှာ တခါပြောစရာရှိတာကတော့ Vivo V17 Pro ကို သတ်မှတ်ထားတဲ့ ဈေးနူန်းနဲ့ Chipset သုံးထားမှု ဖြစ်ပါတယ်။ ဈေးနူန်း ၆၂၉၈၀၀၀ သတ်မှတ်ထားတဲ့ ဖုန်းတစ်လုံးအတွက် Snapdragon 675 က နိမ့်တယ်လို့ ပြောလို့ ရပါတယ်။ တကယ်လို့များ Snapdragon 712 သုံးလာမယ်ဆိုရင်တော့ ပြည့်စုံတဲ့ ဖုန်းတစ်လုံးလို့ ပြောလို့ ရပါတယ်။

    ဆော့ဝဲလ်ပိုင်းနဲ့ပတ်သက်ပြီး ပြောရရင် ဒီဖုန်းမှာ Android Pie အခြေခံ FounTouch OS သုံးထားပါတယ်။ FunTouch OS က ရှင်းလင်းပြီး အသုံးဝင်တဲ့စနစ်အမြောက်အမြားပါဝင်ပါတယ်။  ဒီဖုန်းမှာ Motobike Mode ၊ Ultra Power Saving Mode ၊ Game Booster ၊ Face Unlock စတဲ့ စနစ်များ ပါဝင်ပါတယ်။

    လုံခြုံရေးနဲ့ပတ်သက်ပြီး In-Display Fingeprint Scanner ပါဝင်သလို Face Unlock လည်း ပါဝင်ပါတယ်။ Face Unlock ကို Pop-Up စနစ်မှာ ထည့်သွင်းထားတယ်ဆိုပေမယ့် တော်တော်မြန်ပါတယ်။ In-Display Fingerprint Scanner လောက်တော့ မမြန်ပါဘူး။

    အသံပိုင်းအတွက် စတီရိယိုစပီကာ ပါဝင်ပါတယ်။ အသံပိုင်း ကြည်လင်ပြီး ကျယ်တာ တွေ့ရပါတယ်။

    Vivo V17 Pro ရဲ့ စွမ်းဆောင်ရည်ကို ခြုံငုံသုံးသပ်ရရင် ကောင်းမွန်ပါတယ်။ ဒါပေမယ့် ဈေးနူန်းနဲ့ မမျှတဲ့ Processor သုံးထားတာကတော့ တစ်ခုခု လိုအပ်သွားသလို ဖြစ်ပါတယ်။

    Vivo V စီးရီးတွေ 17 စီးရီးသို့ ရောက်တဲ့အထိ အောင်မြင်မှု ရရှိလာတာ ကင်မရာပိုင်းကြောင့်ဆိုရင်လည်း မမှားပါဘူး။ ဒီအချက်နဲ့ ပတ်သက်ပြီး ဘယ်သူမှ အငြင်းပွားနိုင်မှာ မဟုတ်ပါဘူး။ Vivo V17 Pro မှာလည်း ကင်မရာပိုင်းနဲ့ ပတ်သက်ပြီး ရှေ့ကင်မရာကိုရော ကျောဘက်ကင်မရာကိုပါ အကောင်းဆုံး လုပ်ဆောင်ပေးထားပါတယ်။

    ရှေ့ကင်မရာနဲ့ပတ်သက်ပြီး စပြောကြပါစို့။ Vivo V17 Pro က Pop-Up စနစ်ထဲမှာ ရှေ့ကင်မရာနှစ်လုံး ပါဝင်တဲ့ ကမ္ဘာ့ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ ရှေ့ကင်မရာ နှစ်လုံးမှာ အဓိက ကင်မရာက 32MP ဖြစ်ပါတယ်။  ဒုတိယကင်မရာက 8MP ဖြစ်ပြီး မြင်ကွင်းကျယ်ရိုက်ကူးဖို့ ထောက်ပံ့ပေးပါတယ်။ အဓိကမှာ အလင်းဝင်ပေါက် f/2.0 သုံးထားတဲ့အပြင် Autofocus ပါဝင်ပါတယ်။ ရှေ့ကင်မရာ 32MP သုံးထားတာကြောင့် အပျံစား Selfie များ ရိုက်ကူးနိုင်မယ့်အပြင် ဒုတိယကင်မရာက ၁၁၅ ဒီဂရီ မြင်ကွင်းကျယ်ရိုက်ကူးနိုင်တာကြောင့် Group Selfie များလည်း ရိုက်ကူးနိုင်ပါမယ်။ Selfie ဓာတ်ပုံများက အသေးစိတ်ကျတဲ့အပြင် အလင်းရောင်အားနည်းချိန်မှာလည်း ကောင်းမွန်တဲ့ ဓာတ်ပုံတွေ ရိုက်ကူးနိုင်တာကြောင့် ပြိုင်ဘက်ကင်းအဆင့်မှာ ရှိတယ်လို့ ပြောလို့ ရပါတယ်။

    ကျေနပ်စရာကောင်းတာကတော့ ဗီဒီယိုရိုက်ကူးမှုကို 1080p ဖြင့် ရိုက်ကူးနိုင်တာကြောင့် ဆိုရှယ်မီဒီယာမှာ ဗီဒီယို တင်တတ်တဲ့သူအတွက် အလွန်အဆင်ပြေပါတယ်၊။ Moonlight အလင်းပေးမှု ကောင်းမွန်တာကြောင့် အလွန်ကောင်းမွန်တဲ့ Selfie ဓာတ်ပုံရိုက်ကူးနိုင်ပါမယ်။ Selfie ဓာတ်ပုံပိုင်းနဲ့ပတ်သက်ပြီး ပြောရရင် စမတ်ဖုန်း ဈေးကွက်မှာ အကောင်းဆုံးလို့ ပြောလို့ ရပါတယ်။ ပိုပြီး ကျေနပ်စရာကောင်းတာကတော့ ရှေ့ကင်မရာနဲ့ Bokeh ၊ Panorama ရိုက်ကူးမှု ထောက်ပံ့ထားတာ ဖြစ်ပါတယ်။

    Vivo V17 Pro က Selfie ကင်မရာပိုင်းကောင်းမွန်သလို ကျောဘက်ကင်မရာပိုင်းကလည်း ကောင်းမွန်ပါတယ်။ ကျောဘက်ကင်မရာလေးလုံးမှ အဓိကကင်မရာက 48MP Sony IMX582 Sensor ဖြစ်ပါတယ်။ ဓာတ်ပုံရိုက်ကူးမှုပိုင်းကတော့ ကျေနပ်စရာ ကောင်းလှပါတယ်။ အသေးစိတ်နိုင်တင်မက အရောင်ပေးမှု။ အလင်းပေးမှုကလည်း ကောင်းမွန်ပါတယ်။  ဒါပေမယ့် အရောင်ပေးမှုက သဘာ၀ကျခြင်းတော့ မရှိပါဘူး။ ကျန်ကင်မရာသုံးလုံးမှာ ဒုတိ,ကင်မရာက 8MP Super Wide-Angle Lens ဖြစ်ပြီး တတိယကင်မရာက 2x Optical Zoom ရိုက်ကူးနိုင်တဲ့ 13MP ကင်မရာ ဖြစ်ပါတယ်။ 10x Digital Zoom သုံးနိုင်ပါတယ်။ စတုတ္ထကင်မရာက 2MP Macro Lens ဖြစ်ပါတယ်။ Macro Mode ကို ဗီဒီယိုလည်းရိုက်ကူးနိုင်မှုက ထူးခြားမှု ဖြစ်ပါတယ်။

    အခြား Vivo စမတ်ဖုန်းများလိုဘဲ Night Mode လည်း ပါဝင်ကာ အလင်းရောင် အားနည်းချိန်မှာလည်း ဓာတ်ပုံကောင်းများ ရိုက်ကူးနိုင်ပါမယ်။

    ကင်မရာပိုင်းကို ခြုံငုံသုံးသပ် ရရင် Vivo V17 Pro မှာ အကောင်းဆုံး အစိတ်အပိုင်းဆိုရင်လည်း မမှားပါဘူး။

    Vivo V17 Pro မှာ ဘက်ထရီ 4100 mAh ပါဝင်ကာ 18W Fast Charging ထောက်ပံ့ထားပါတယ်။ ဘက်ထရီပမာဏရော အားသွင်းမှုအပိုင်းပါ ကျေနပ်စရာပါ။ တစ်နေ့တာ အသုံးပြုဖို့ လုံလောက်တဲ့ ပမာဏ ဖြစ်ပါတယ်။ ဖုန်းအားအပြည့်သွင်းဖို့တော့ တစ်နာရီခွဲ အချိန်ယူရပါမယ်။

    8.50
    8.50
    8.50
    8.50
    9.00
    8.50
    Strength 
    Vivo V17 Pro က ဒီဇိုင်းပိုင်း၊ ရုပ်ထွက်ပိုင်း၊ ကင်မရာပိုင်း၊ ဘက်ထရီပိုင်း ကောင်းမွန်ပါတယ်။ အကောင်းဆုံးအပိုင်းကတော့ ကင်မရာပိုင်းပါ။ Vivo V17 Pro ကို ဝယ်ယူသူများအနေဖြင့် ကင်မရာပိုင်း၊ ဒီဇိုင်းပိုင်း၊ ရုပ်ထွက်ပိုင်း၊ ဘက်ထရီပိုင်းကတော့ ကျေနပ်စရာပါ။
    Weakness 
    ပါဝါပိုင်းကောင်းမွန်တယ်ဆိုပေမယ့် Snapdragon 712 သုံးလာရင် ပြီးပြည့်စုံတဲ့ ဖုန်းတစ်လုံးလို့ ပြောလို့ရပါတယ်။