You are here

7 Score

OPPO A37 Review

Price List

  • {{ pricelist.name }}
    {{ pricelist.ram }}
    {{ pricelist.price }}
  • Oppo A37's Key Features

    SIZE 5.00in 720 x 1280 pixels
    CAMERA 8MP Front 5MP
    CPU 1.20GHz Quad-core
    RAM 2GB up to 16GB Storage
    Android OS 5.1 Lollipop
    BATTERY 2630mAh Li-Ion

               Smartphone တွေကိုစဉ်ဆက်မပြတ် ထုတ်လုပ်လျက်ရှိတဲ့ OPPO ဟာအခုဆိုရင် လည်း ပြည်တွင်းသုံးစွဲသူတွေအတွက် New Smartphone Model တစ်ခုကို ထပ်မံမိတ် ဆက်ပေးခဲ့ပါပြီ။ အဲ့ဒီ New Model ကတော့ OPPO A37 ပါ။ ဒီ A37 Smartphone က 4G Network ကို အပြည့်အ၀ ထောက်ပံ့ပေးမှာဖြစ်ကာ Sim Slot ၂ ခုစလုံးမှာလည်း 4G Sim Card ကိုထည့်သွင်းအသုံးပြုနိုင်ပါလိမ့်မယ်။ ဈေးနှုန်းကလည်း Mid-End အနေ အထားမှာရှိပြီး အရောင်အနေနဲ့ကတော့ Gold နဲ့ Rose Gold တို့ကိုဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။

                အခုထုတ်လုပ်လိုက်တဲ့ OPPO A37 ရဲ့ဒီဇိုင်းပိုင်းကိုလည်း ယခင် OPPO ဖုန်းတွေလိုမျိုး လှပဆွဲဆောင်မှုရှိအောင် ဖန်တီးပေးထားတာကို တွေ့မြင်ရမှာပါ။ အထူးသဖြင့် ဘေး ဘောင်တွေနဲ့ ထောင့်စွန်းတွေကို ၀န်းဝိုင်းတဲ့ပုံစံဖြစ်အောင် သပ်သပ်ရပ်ရပ်နဲ့ ပြုလုပ်ပေး ထားပြီး ဖုန်းရဲ့အထူကတော့ (7.7) မီလီမီတာ ရှိပါတယ်။ ဒါ့အပြင် အလေးချိန်ကလည်း (136) ဂရမ်သာရှိတာကြောင့် ပေါ့ပါးတဲ့ Smartphone တစ်လုံးလို့ဆိုနိုင်ပါတယ်။ မျက် နှာပြင်အရွယ်အစားက (5.0) လက်မရှိကာ IPS LCD Capacitive Touchscreen ကိုအ သုံးပြုပေးထားပါတယ်။ ရုပ်ထွက်အရည်အသွေးကတော့ HD ဖြစ်ပြီး Multitouch အသုံး ပြုနိုင်ပါလိမ့်မယ်။ နောက်ပြီးတော့ ထိခိုက်ပွန်းပဲ့မှုတွေကို ခံနိုင်ရည်ရှိစေဖို့အတွက်လည်း Corning Gorilla Glass 4 နဲ့ ဖုံးအုပ်ပေးထားပါသေးတယ်။

            ဖုန်းတွင်းစွမ်းဆောင်ရည်ပိုင်းမှာတော့ မြန်ဆန်ကောင်းမွန်မှုရှိစေဖို့အတွက် Quad-Core (1.2) GHz CPU ကိုအသုံးပြုပေးထားတာပါ။ Graphic ပိုင်းအတွက်လည်း Adreno 306 က အကောင်းမွန်ဆုံးထောက်ပံ့ပေးပါလိမ့်မယ်။ RAM (2) GB ဖြစ်ပြီး Internal Memory ကတော့ (16) GB ဖြစ်ပါတယ်။ ဒါ့အပြင် Micro SD Card ထည့်သွင်းအသုံး ပြုနိုင်ဖို့အတွက်လည်း Slot အပိုတစ်ခုကို စီစဉ်ပေးထားတာကြောင့် အသုံးပြုသူတွေအ တွက် အဆင်ပြေစေမှာဖြစ်ပြီး Memory ကို (128) GB အထိအသုံးပြုနိုင်မှာပါ။ Software ပိုင်းအတွက်တော့ Color OS 3.0 ကအကောင်းမွန်ဆုံးဖြစ်အောင် ကူညီစွမ်း ဆောင်ပေးမှာဖြစ်ကာ Android Version 5.1 (Lollipop) ကိုအသုံးပြုပေးထားပါတယ်။

               ကင်မရာပိုင်းအတွက် Beautify 4.0 ကကောင်းမွန်တဲ့ရုပ်ထွက်အရည်အသွေးရအောင် ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ အနောက်ကင်မရာက (8.0) Megapixels ဖြစ်ကာ အ လင်းအားနည်းတဲ့အခြေအနေတွေမှာ လိုအပ်တဲ့အလင်းရောင်ရရှိစေဖို့ LED Flash ကိုပါ ထည့်သွင်းပေးထားပါတယ်။ ဒီကင်မရာဖြင့် Full HD ဗီဒီယိုတွေပါ ရိုက်ကူးနိုင်မှာပါ။ ဒါ့ အပြင် (5.0) Megapixels ရှိတဲ့အရှေ့ကင်မရာဖြင့်လည်း Selfie ဓာတ်ပုံတွေရိုက်ကူး မှတ်တမ်းတင်နိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီပိုင်းအတွက်ကတော့ Non-removable Li-Ion 2630 mAh battery အမျိုးအစားကိုအသုံးပြုပေးထားတာကြောင့် အဆင်ပြေစွာ အသုံးပြုနိုင်မှာပါ။

    7.00
    6.50
    7.00
    7.00
    7.50
    7.00
    Strength 
    OPPO ရဲ့ထုံးစံအတိုင်း ကင်မရာပိုင်းတော့ အလွန်ကောင်းမွန်ပါတယ်။
    Weakness 
    အခုဆိုရင် Mid-End ဖုန်းတွေအားလုံးနီးပါး Fingerprint Scanner ပါရှိနေချိန်မှာ ဒီ A37 မှာတော့ Fingerprint မပါရှိပါဘူး။