You are here

6.8 Score

HUAWEI Y7a

Price List

  • {{ pricelist.name }}
    {{ pricelist.ram }}
    {{ pricelist.price }}
  • HUAWEI Y7a(2020)'s Key Features

    SIZE 6.67in 2400x1080
    CAMERA 48MP Front 8MP, 2MP
    CPU Quad-core
    RAM 4GB up to 128GB Storage
    Android OS Android 10 EMUI 10.1
    BATTERY 5000mAh Li-Ion

    Huawei y7a က တော့ ကိုဗစ်ကာလမှာထွက်ပေါ်လာပါတယ်။အခုဒီဇင်ဘာလ၅ရက် ကစတင်ကာ ၂၄၉,၀၀၀ကျပ်နဲ့ထွက်လာခဲ့တယ်။ဈေးနှုန်းအရသဘောကျစရာပါ။ကိုဗစ်ကာလ Gameနဲ့ Movie ကြည့်တက်သူတွေတော့ကောင်းပါတယ်။ခေတ်ပေါ် စမတ်ဖုန်းတွေရဲ့ လိုအပ်ချက်တစ်ခုက ဘာဖြစ်မလဲဆိုရင် သုံးစွဲသူတွေအတွက် ဒွိဟဖြစ်စေတဲ့ မေးခွန်းတစ်ခုပဲဖြစ်ပါတယ်။  ရုပ်ရှင်ပဲ ကြည့်ကြည့် ၊ ဂိမ်းပဲ ဆော့ဆော့ အချိန် အတိုင်းတာ တစ်ခုထိ တောင့်ခံနိုင်တဲ့ ဘက်ထရီပမာဏ လိုအပ်သလို တကယ်လို့များ အားလည်းထင်သလောက်မခံ ၊ Battery Life ကလည်း အခြေနေ မကောင်းဘူးဆိုရင်တော့ သုံးစွဲသူ အနေနဲ့ စိတ်သောက ရောက်ရတတ်ပါတယ်။ အထူးသဖြင့် ငွေကုန်ကြေးကျ ကိုချိန်ဆပြီး ဝယ်ယူရတဲ့ ကိစ္စတစ်ခုဖြစ်တဲ့အတွက် Entry Level ပဲဖြစ်ဖြစ် Mid-range နဲ့ Flagship ဘယ်ဖုန်းကိုပဲ ရွေးချယ် ရွေးချယ် Battery ပိုင်းကိုတော့ ဂရုတစိုက် ထည့်သွင်းစဉ်းစားဖို့ လိုအပ်မှာပါပဲဖြစ်ပါတယ်။

    Y7a ကို EMUI 10.1 နဲ့ ထွက်ရှိလာတာဖြစ်ပြီး Operating System ပိုင်းမှာဖြည့်စွက်ထားတဲ့ အားသာချက်တွေကြောင့် သုံးစွဲသူတွေ အနေနဲ့ လျင်မြန်တဲ့ ချိတ်ဆက်မှု ၊ Shortcuts နဲ့ Gestures အစရှိတဲ့ Accessibility ပိုင်း သုံးစွဲမှုတွေမှာ မွေ့လျော်စွာ အသုံးပြုနိုင်သလို ပိုပြီးစမတ်ကျတဲ့ အသုံးပြုမှုအတွေ့အကြုံ ကိုလည်း ရရှိစေနိုင်တယ်။ နောက်ပြီး Single-tap သို့ Double-tap လုပ်ရုံနဲ့ Screenshot ၊ Screen Record Function နှစ်မျိုး လုပ်ဆောင်နိုင်တာမို့ သုံးစွဲသူတွေအတွက် ပိုမိုအသုံးတည့်စေတဲ့ အတွေ့အကြုံကို ရရှိစေတယ်လို့ ဆိုရမှာပါ။ Application ပိုင်းအတွက်ကို AppGallery နဲ့ အားဖြည့်ပေးထားပြီး သုံးစွဲသူ အလိုကျ Social Media ၊ Games ၊ Music အစရှိတဲ့ Category အလိုက် Apps တွေကို Download ဆွဲ အသုံးပြုနိုင်မယ်။ ဒါ့အပြင် Petal Search ကတဆင့် ရှာဖွေလိုတဲ့ Apps ၊ Image ၊ News အစရှိတာတွေကို Home Screen Widget ကတဆင့် အလွယ်တကူ ရှာဖွေနိုင်ပါသေးတယ်။

    ဒါကြောင့် ဖုန်းလဲဖို့ စဉ်းစားနေတယ် ၊ ငွေကြေးပိုင်းအတွက်လည်း အများကြီးသုံးမယ့် အစား All Rounder Performance ကောင်းကောင်းနဲ့ ဖုန်းတစ်လုံးကို စဉ်းစားနေပြီဆိုရင် HUAWEI Y7a ကို ဦးစားပေးရွေးချယ်သင့်ပါတယ်လို့ပဲ ညွှန်းပေးရမှာပဲဖြစ်ပါတယ်။ ပြီးတော့လည်းအခုလို နှစ်သစ်ကူးနဲ့ ခရစ်စမတ်ကာလမှာ လူကြီးမိဘတွေပဲဖြစ်ဖြစ်၊ ကိုယ်ချစ်ခင်ရတဲ့ မိတ်ဆွေအပေါင်းအသင်းစတဲ့သူတွေအတွက် သင့်တော်တဲ့ စမတ်ဖုန်းလက်ဆောင်ပေးမယ်ဆိုရင်လည်း သင့်တော်စေမှာပါ။

    HUAWEI Y Series စမတ်ဖုန်းစီးရီးများတွင် ပထမဆုံး အမြန်အားသွင်းစနစ်ကို အသုံးပြုထားသည့်အပြင် ကြီးမားသည့် 5000 mAh ဘက်ထရီ ပမာဏ၊ ၆.၆၇ လက်မ မြင်ကွင်းကျယ်ကျယ် FHD+ ရုပ်ထွက်ပိုင်း၊ ကောင်းမွန်သည့် 48MP Quad camera စနစ်နှင့်အတူ သိုလှောင်မှုပမာဏ 128 GB ဖြင့် HUAWEI Y7a စမတ်ဖုန်းကို Pre-Order စတင်မှာယူနိုင်ပြီး ဒီဇင်ဘာလ ၅ရက်နေ့မှ စပြီး  ဝယ်ယူရရှိနိုင်တော့မည် ဖြစ်ပါတယ်။Color ပိုင်မှာလည်းဆွဲဆောင်မှုရှိပါတယ်။ဒါအပြင် USB Type ကType-C, USB 2.0 နဲ့Earjack-3.5 mm earjack လည်းပါဝင်လာပါတယ်။

    ဖုန်းနောက်ကင်မရာ ၄ခုပါဝင်လာပါတယ်။တစ်ခုချင်းစီးက48 MP High-Res lens, f/1.8 aperture,8 MP 120° Ultra-Wide Angle Lens, f/2.4 aperture,2 MP Depth Lens, f/2.4 aperture,2 MP Macro Lens, f/2.4 aperture ပါလာလိုရုပ်ထွက်ကတော့ ပြောစရာမရှိလောက်ပါ။

    Scan to body ratio က165.65 x 76.88 x 9.26 mm နဲ့ပါ။ Display အနေနဲ့တော့ 6.67″ IPS LCD display နဲ့ SoCကKirin 710A ပါရှိပါတယ်။ ‌အလေးချိန်206g အလေးချိန်ရှိပြီး ကျောဘက်မှာ48 MP ကင်မရာသုံးလုံး ပါဝင်လာပါတယ်။တစ်ခုချင်းစီးက48 MP High-Res lens, f/1.8 aperture,8 MP 120° Ultra-Wide Angle Lens, f/2.4 aperture,2 MP Depth Lens, f/2.4 aperture,2 MP Macro Lens, f/2.4 aperture ပါလာလိုရုပ်ထွက်ကတော့ ပြောစရာမရှိလောက်ပါ။ ထွက်ခဲ့သမျှ Huawei Y-Series‌ ထဲမှာအတော်လေမိုက်ပါတယ်။မျက်နှာပြင်ပေါ်ကို နှစ်ချက်ခေါက်ခြင်းဖြင့် screenshot ရိုက်ယူခြင်း သို့မဟုတ် ခေါက်၍ဆွဲပြီး မျက်နှာပြင်ရဲ့တစ်စိတ်တစ်ပိုင်းကို ဖမ်းယူပါ။ မျက်နှာပြင်ကိုခေါက်၍ "S" ပုံဆွဲပြီး scrolling screenshot ကို ရယူနိုင်ပါတယ်။

    လက်ဗွေစနစ်ဘေးတွင်ပါဝင်သော အဖွင့်၊အပိတ်ခလုပ်က ပိုမိုအဆင်ပြေချောမွေ့စေပြီး လုံခြုံမှုကိုပေးစွမ်းပါတယ်။ စက္ကန့်ပိုင်းအတွင်း သင့်ဖုန်းကိုနိုးထစေရန်နှင့် လုံခြုံစွာဖွင့်နိုင်ရန် ဘေးဘက်ကို ညင်သာစွာထိတွေ့ရုံဖြင့် ပြုလုပ်နိုင်ပါတယ်။

    ယခုနှစ်လယ် ပိုင်းတွင်လည်း ဈေးတန်းတူစမတ်ဖုန်းများအကြားတွင် ပိုမိုကြီးမားသည့် ဘက်ထရီ၊ သိုလှောင်မှုပမာဏတို့ဖြင့် HUAWEI Y6p သည် မြန်မာနိုင်ငံဈေးကွက်တွင် ရေပန်းစားလူကြိုက်များခဲ့သလို ယခုအချိန်တွင်လည်း HUAWEI Y Series စမတ်ဖုန်းများတွင် HUAWEI SuperCharge အမြန်အားသွင်းစနစ် ပထမဆုံးပါဝင်လာပါတယ်။

    Huawei Y7a စမတ်ဖုန်းကို ၂၀၂၀ ဒီဇင်ဘာကစတင်မိတ်ဆက်ခဲ့ပြီး။ ဖုန်းတွင် ၆.၆၇ လက်မ touchscreen မျက်နှာပြင်ပါရှိပြီး Resolution 2400x1080 Pixels နှင့်မျက်နှာပြင်အချိုးအစား 20: 9 ရှိပါတယ်။ Huawei Y7a ကို Octa-Core HiSilicon Kirin 710A ပရိုဆက်ဆာဖြင့်အသုံးပြုထားတယ်။ 4GB RAM ပါရှိပါတယ်။ Huawei Y7a သည် Android 10 ကိုအသုံးပြုထားပြီး 5000mAh မဖြုတ်တပ်နိုင်သောဘက်ထရီကိုအသုံးပြုထားပါသေတယ်။ကင်မရာများကတော့အနောက်ဘက်ရှိ Huawei Y7a 48-megapixel မူလကင်မရာကို f / 1.8 aperture ပါရှိသည်။ f / 2.4 aperture ပါသောဒုတိယ 8-megapixel ကင်မရာ၊ f / 2.4 aperture ပါသောတတိယ 2-megapixel ကင်မရာနှင့် f / 2.4 aperture ပါသောစတုတ္ထ 2-megapixel ကင်မရာ။ နောက်ကင်မရာ setup မှာ autofocus ပါရှိပါတယ်။ ၎င်းတွင် selfie အတွက် 8 megapixel ကင်မရာပါဝင်ပြီး f / 2.0 aperture ပါဝင်ပါတယ်။ ဈေးနှုန်းနဲ့ပေးရတဲ့Qulaity ကမျှတပါတယ်။လူငယ် များအတွက်TikTok Video နဲ့photo ပိုင်အားရစရာပါ။

    Huawei Y7a က Android 10 ကိုအခြေခံသော EMUI 10.1 ကိုအသုံးပြုထားပြီး 128GB သိုလှောင်မှုပါ ၀ င်သည့်သိုလှောင်မှုကို microSD card (512GB အထိ) ဖြင့်တိုးချဲ့နိုင်ပါတယ်။  dual-SIM စမတ်ဖုန်းဖြစ်ပြီး ၂ကဒ်လုံးက Nano-SIM တွေပါ။  ၁၆၅.၆၅ x ၇၆.၈၈ x ၉.၂၆ မီလီမီတာ (အမြင့် x အကျယ်နှင့်အထူ x အနံ) ရှိပြီးအလေးချိန် 206ဂရမ်ရှိသည်။ ၎င်းကို Blush Gold၊ Crush Green နှင့် Midnight Black အရောင်များဖြင့်စတင်ရောင်းချခဲ့ပါတယ်။

    Huawei Y7a တွင်ဆက်သွယ်မှုရွေးချယ်မှုများတွင် Wi-Fi 802.11 b / g / n, GPS, Bluetooth v5.10, USB Type-C, 3G နှင့် 4G တို့ပါဝင်ပြီး။ဖုန်းရှိအာရုံခံကိရိယာများတွင် accelerometer, ambient light sensor, compass / magnetometer, proximity sensor နှင့် fingerprint sensor တို့ပါ၀င်ထားပါတယ်။ Huawei Y7a သည် Face unlock ကိုထောက်ပံ့မှုရရှိပါတယ်။တောကီတွေလျှော့ဖုန်းအကြောင်းကတော့နည်းနည်းတော့ပြည့် စုံးလာပါပြီး၊ ကဲဒီတော့ဖုန်းချစ်သူ အားလုံး စိတ်ဝင်စားမဲ့ Camera အပိုင်းဆက်ကြရအောင်။

     

    အခု HUAWEI Y7a က ဈေးနှုန်းသင့်တင့်ပြီး Overall features တွေနဲ့ ဘက်ထရီပိုင်းမှာ ပေးရတဲ့ဈေးထက်တန်တဲ့ စွမ်းဆောင်ရည်မျိုးကို ရရှိစေမှာပဲဖြစ်ပါတယ်။ကင်မရာပိုင်း ဆက်ရရင် သိတဲ့အတိုင်း HUAWEI ဟာ စမတ်ဖုန်းကင်မရာ ရိုက်ကူးမှု Photography အပိုင်းမှာ ထင်ရှားတဲ့ အားသာချက်တွေ ရှိတယ်။ Flagship Level မှာ အသိသာဆုံး ဆိုပေမယ့် ယခုလိုသူ့ဈေးတန်းဝန်းကျင် စမတ်ဖုန်းချင်း တွေနဲ့ ယှဉ်မယ် ဆိုရင်တောင် HUAWEI Y7a မှာ ကင်မရာ ၄လုံး ပါဝင်လာတဲ့အပြင် 48MP main camera sensor ကိုပါအသုံးပြုပေးထားတာပါ။

    Primary Sensor ဖြစ်တဲ့ 48MP Sensor ဟာ High-definition ရိုက်ချက်တွေအတွက် အားကောင်းစေသလို 8MP Lens က Ultra-wide ရိုက်ချက်အတွက် မြင်ကွင်းကျယ်ပုံရိပ်တွေရရှိဖို့ ရိုက်ကူးနိုင်စေမှာပါ။ ကျန်ရှိနေတဲ့ 2MP Sensor နှစ်လုံးက Portrait Effect (Depth of Filed) နဲ့ Macro Shot ကို 4cm အကွာဝေးကနေ ရိုက်ကူးနိုင်တဲ့အထိ စွမ်းဆောင်ပေးနိုင်ပါတယ်။ Quad AI 48 MP high-res ကင်မရာက ရှင်းလင်းကြည်လင်ပြီး အသေးစိတ်ကျစွာနှင့် သင့်ရဲ့တန်ဖိုးရှိသောအချိန်တွေကို ဖမ်းယူပေးနိုင်ပါတယ်။ အံ့သြဖွယ်ကောင်းသောရှုခင်းများ၊ portraits ဓာတ်ပုံများကို ကြည်လင်ပြတ်သားစွာဖြင့် အသေးစိတ်မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

    ညဖက်အတွက်ဆို superSpectrum Sensor နှင့် အသိဉာဏ်မြင့်မားသော AI algorithms တို့က အလင်းရောင်နည်းပါးသောအချိန်မှာတောင် သင့်နဲ့ သင်ပတ်ဝန်းကျင်း အလှပတွေကို ပေါ်လွင်စေနိုင်မှာပါ။ ကြည်လင်သောမြို့ပြရှုခင်း နဲ့ portraits ပုံရိပ်တို့ကို ညအချိန်မှာလည်း အခက်အခဲမရှိ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။
    120°  ဒီကရီ ကultra-wide angle lens ကြောင့် ကြီးမားသောအဆောက်အအုံတစ်ခုလုံးကို အပြည့်ဓာတ်ပုံရိုက်ကူးနိုင်ခြင်းအပြင် လူအများနှင့်ဓာတ်ပုံရိုက်သည့်အခါမှာ ခြေတစ်လှမ်းနောက်ဆုတ်စရာမလိုပဲ frame တစ်ခုထဲမှာ အားလုံးကိုရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

    6.67" FHD+ display နှင့် မျက်နှာပြင်အချိုး 90.3%4 ရှိတဲ့ HUAWEI Y7a က ကျယ်ပြန့်ပြီး ကြည်လင်သောမြင်ကွင်းကို ပေးစွမ်းပါတယ်။ အလယ်တွင်ရှိသော အရှေ့ကင်မရာက အနှောင့်အယှက်မဖြစ်စေပဲ အကောင်းမွန်ဆုံးအတွေ့အကြုံကို ပေးစွမ်းပါတယ်။
     

     

    ဒီဖုန်းမှာ စထွက်လာကတည်းက ဘက်ထရီ အပိုင်းကို အားထည့်ကေကြော်ညာလာတာကို တွေ့ရတယ်။ အဆင့်မြင့် ဖုန်းတွေလို အမြန်ဘက်ထရီသွင်နိုင်အောင် လုပ်ထားတာပါ ။2.5 W HUAWEI SuperCharge ဆိုတဲ့ မိနစ်ပိုင်းအတွင်းအားပြည့်ခြင်း22.5 W HUAWEI SuperCharge ကို အသုံးပြုထားတဲ့ HUAWEI Y7a က ၁၀ မိနစ်အားသွင်းထားရုံနှင့် ၂ နာရီစာ ဗီဒီယိုတွေကို ကြည့်ရှုနိုင်မှာဖြစ်လို့ မကြာခဏအားသွင်းစရာမလိုဘဲ ထိရောက်စွာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ဒါအပြင်AI power-saving algorithm တွေကို အသုံးပြုထားတဲ့ 5000 mAh ရှိတဲ့ ကြီးမားသောဘက်ထရီက ၃၈.၂ နာရီ 4G ဖုန်းခေါ်ဆိုမှုပြုလုပ်နိုင်ခြင်း၊ ၁၆.၆ နာရီကြာ online ဗီဒီယိုကြည့်ရှုနိုင်ခြင်းနှင့် ၁၂ နာရီကြာ 4G web အသုံးပြုခြင်းတို့ကို အသုံးပြုနိုင်ပါတယ်။2 ပျော်ရွှင်တဲ့အချိန်တွေက သင့်ပတ်ဝန်းကျင်မှာ အမြဲတည်ရှိနေမှာဖြစ်ပါတယ်။

    6.50
    7.00
    7.00
    6.50
    7.00
    7.00
    Strength 
    ငွေကြေးပိုင်းအတွက်လည်း အများကြီးသုံးမယ့် အစား All Rounder Performance ကောင်းကောင်းနဲ့ ဖုန်းတစ်လုံးကို စဉ်းစားနေပြီဆိုရင် HUAWEI Y7a ကို ဦးစားပေးရွေးချယ်သင့်ပါတယ်လို့ပဲဆိုရမှာပဲ။ Battery 5000mAh ကလည်းအားသားချက်တစ်ခုခုပေါ့။
    Weakness 
    UAWEI Y7a မှာ ၆.၆၇လက်မအရွယ် HD Screen ကို သုံးစွဲပေးထားပြီး မြင်ဖူးနေကျ Budget ဖုန်းတွေမှာ မြင်တွေ့နေကျမဟုတ်တဲ့ မဟုတ်တဲ့ 2,400 x 1,080p Resolution အသုံးပြုပေးထားပါတယ်။