7.5 Score

Honor 20 Lite Review

Price List

  • {{ pricelist.name }}
    {{ pricelist.ram }}
    {{ pricelist.price }}
  • Honor 20 Lite's Key Features

    SIZE 6.21in 1080 x 2340
    CAMERA 24MP Front 32MP
    CPU 2.00GHz Octa-core
    RAM 4GB up to 128GB Storage
    Android OS 9.0 Pie
    BATTERY 3400mAh Li-Pol

    Honor က အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းသက်သာတဲ့ ဖုန်းများ ထုတ်လုပ်ရောင်းချရာမှာ နာမည်ကြီးတဲ့ အမှတ်တံဆိပ်တစ်ခုပါ။ အခုလည်း ပြည်တွင်းဈေးကွက်မှာ Honor Myanmar က စမတ်ဖုန်းသစ်တစ်လုံးအဖြစ် Honor 20 Lite ကို ရောင်းချနေပြီ ဖြစ်ပါတယ်။ Honor က Honor 20 Lite ကို Selfie Master လို့ တင်စားထားပါတယ်။ Selfie Master ဆိုတဲ့ တင်စားထားတာနဲ့အညီ ဒီဖုန်းမှာ Selfie Camera 32MP အထိ ပါဝင်တာ တွေ့ရပါတယ်။ တကယ်တော့ Honor 20 Lite မှာ ရှေ့ကင်မရာတစ်ခုတည်း စိတ်ဝင်စားစရာ မဟုတ်ပါဘူး။ ဒီဖုန်းမှာ ကျောဘက်ကင်မရာသုံးလုံး၊ Kirin 710 SoC ပါဝင်ပြီး မြန်မာကျပ်ငွေ ၃၁၉၀၀၀ ဘဲ သတ်မှတ်ထားပါတယ်။ Honor 20 Lite က ပေးရတဲ့ စမတ်ဖုန်းကောင်းတစ်လုံးလားဆိုတာ ကြည့်လိုက်ရအောင်  . . . .

    Honor 20 Lite ရဲ့အတွင်းပိုင်းစနစ်တွေကို အပြောခင် အပြင်ပန်းကို ဦးစွာ ပြောပါရစေ။ ဒီဖုန်းရဲ့ ဒီဇိုင်းက ဆွဲဆောင်မှုရှိပါတယ်။ ကျောဘက်မှာ ရောင်ပြေးသုံးထားပါတယ်။ အလင်းကျရောက်မှုအပေါ်မူတည်ပြီး အရောင်တွေ ပြောင်းလဲသွားမှုက ဆွဲဆောင်မှုရှိနေပါတယ်။ ကျောဘက်မှာ မှန်သုံးထားတယ်လို့ ထင်ရပေမယ့် ပလတ်စတစ်သုံးထားတာ ဖြစ်ပါတယ်။ ပလတ်စတစ်သုံးထားတာကြောင့် ဖုန်းက ပေါ့ပါးသလို လက်တစ်ဖက်တည်းနဲ့ အလွယ်တကူ ကိုင်တွယ်အသုံးပြုနိုင်တာ တွေ့ရပါတယ်။

    Honor 20 Lite မှာ မျက်နှာပြင် ၆.၂ လက်မ IPS LCD FHD+ ရုပ်ထွက်အသုံးပြုထားပါတယ်။ FHD+ ရုပ်ထွက် အသုံးပြုထားတာကြောင့် ရုပ်ထွက်ပိုင်းက မျှော်လင့်ထားတဲ့အတိုင်း ကျေနပ်စရာကောင်းတာ တွေ့ရပါတယ်။ OLED ရုပ်ထွက်သုံး စမတ်ဖုန်းတွေလို မကောင်းမွန်ဘူးဆိုပေမယ့် ရုပ်ထွက်ပိုင်းက မြန်မာကျပ်ငွေ ၃ သိန်းစွန်းစွန်း စမတ်ဖုန်းတစ်လုံးအတွက် ကျေနပ်စရာကောင်းပါတယ်။

    ဒီတစ်ခါတော့ ကင်မရာပိုင်း ကြည့်ရအောင်။ နောက်ပိုင်းမှာ စမတ်ဖုန်းကုမ္ပဏီတွေဟာ အဆင့်မြင့် စမတ်ဖုန်းများမှာသာမက အလယ်အလတ်တန်း စမတ်ဖုန်းတွေမှာလည်း ကင်မရာပိုင်းကို အထူးအားစိုက် လုပ်ဆောင်လာကြပါတယ်။ အထူးသဖြင့် ကင်မရာပိုင်းက ဈေးကွက်မှာ ၀ယ်ယူမယ့်သူများကို အထူးဆွဲဆောင်နေတဲ့ အချက်တစ်ခု ဖြစ်နေပါတယ်။ Honor 20 Lite မှာ ကျောဘက်ကင်မရာသုံးလုံး ပါဝင်ပါတယ်။

    အဓိကကင်မရာက 24MP ဖြစ်ပြီး ဒုတိယကင်မရာက 8MP Ultrawide Angle ကင်မရာ ဖြစ်ပါတယ်။ တတိယကင်မရာက 2MP Depth Sensor ဖြစ်ပါတယ်။ ကင်မရာအားလုံးကို AI စနစ်နဲ့ ထောက်ပံ့ထားပါတယ်။ အဓိကကင်မရာ 24MP ပါ Aperture f/1.8 သုံးထားတာကြောင့် ဓာတ်ပုံတွေက အသေးစိတ်ကျသလို အရောင်ပေးမှုကလည်း ကောင်းမွန်တာ တွေ့ရပါတယ်။ တစ်ခါတစ်လေ အရောင်တွေ သဘာဝမကျတာမျိုးဖြစ်တတ်တာတွေ့ရပါတယ်။ 8MP က ၁၂၀ ဒီဂရီမြင်ကွင်းကျယ် ရိုက်ကူးဖို့ ထောက်ပံ့ထားပေးပါတယ်။ မြင်ကွင်းကျယ်ဓာတ်ပုံတွေကတော့ အဓိကကင်မရာ 24MP နဲ့ ရိုက်သလောက် အသေးစိတ်မကျပါဘူး။ မြင်ကွင်းကျယ်ဓာတ်ပုံတွေက Details မဖြစ်ပေမယ့် အရောင်ပေးမှုအပိုင်းမှာတော့ ကောင်းမွန်တာ တွေ့ရပါတယ်။ တတိယကင်မရာ 2MP က Portrait ဓာတ်ပုံ ရိုက်ကူးဖို့ ထောက်ပံ့ပေးပါတယ်။ နောက်ခံဝါးပြီး ရိုက်ကူးတဲ့ ဓာတ်ပုံတွေက သဘာဝမကျဘူးဆိုပေမယ့် OK တယ်လို့တော့ ပြောလို့ရပါတယ်။ Honor ဟာ ဆော့ဝဲလ် Update ပေးပြီးတော့ ဒီပြဿနာကို ဖြေရှင်းပေးလာနိုင်ပါတယ်။ နောက်ပိုင်းထွက် စမတ်ဖုန်းတွေမှာ ခေတ်စားတဲ့စနစ်တစ်ခုက Night Mode ဖြစ်ပါတယ်။ Honor 20 Lite မှာလည်း Night Mode ပါဝင်ပါတယ်။ ဒီစနစ်က Shutter Speed ကို ၄ စက္ကန့်လျှော့ချပြီး Long Exposure ရိုက်ကူးတာ ဖြစ်ပါတယ်။ Honor 20 Lite ရဲ့ Night Mode က အသေးစိတ်မကျပေမယ့် အလင်းပေးမှုကတော့ ကောင်းမွန်တာ တွေ့ရပါတယ်။ Honor 20 Lite မှာ အခြားစနစ်များအဖြစ် Slow-Mo ၊ Time-Lapes ၊ AR စတဲ့စနစ်တွေ ပါဝင်ပါတယ်။

    အခု ပြောမယ့်အပိုင်းကတော့ ဒီဖုန်းရဲ့အကောင်းဆုံးအပိုင်း ဖြစ်ပါတယ်။ Selfie ကင်မရာပိုင်း ဖြစ်ပါတယ်။ Selfie Master ဆိုတဲ့ ဂုဏ်ပေးတာနဲ့အညီ ဒီဖုန်းမှာ ရှေ့ကင်မရာ 32MP ပါဝင်ပါတယ်။ Selfie ဓာတ်ပုံတွေက လုံးဝ ကျေနပ်စရာကောင်းပါတယ်။ အသေးစိတ်ကျတယ်။ ဒါပေမယ့် Skin Tone ပေးမှု သဘာဝသိပ်မကျပါဘူး။ ဘာပဲဖြစ်ဖြစ် Selfie ပိုင်းကတော့ ရာနှုန်းပြည့်ကျေနပ်ရဖို့ သေချာပါတယ်။ Selfie မှာ Effect များစွာလည်း ပါဝင်သေးတာကြောင့် ကျေနပ်စရာကောင်းပါတယ်။

    ဗီဒီယိုရိုက်ကူးမှုအပိုင်းနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ဒီဖုန်းက အလယ်အလတ်တန်း ဖုန်းဖြစ်တာကြောင့် 4K ရိုက်ကူးမှုနဲ့ Stabilization မပါဝင်ပါဘူး။ ဗီဒီယို ရိုက်ကူးမှုအပိုင်းမှာတော့ အခြား အလယ်အလတ်တန်း စမတ်ဖုန်းတွေထဲလိုဘဲ အားနည်းချက်တွေ ရှိပါတယ်။

    Honor 20 Lite ကို Kirin 710 ၊ RAM4GB နှင့်ပါဝါထောက်ပံ့ထားပြီး Storage 128GB ပါဝင်ပါတယ်။ ဒီပါဝါပိုင်းကို Honor နှင့် Huawei စမတ်ဖုန်း အမြောက်အမြားတို့မှာ မြင်တွေ့ခဲ့ရဖူးပြီးလည်း ဖြစ်ပါတယ်။ Kirin 710 က စွမ်းဆောင်ရည်ကောင်းတဲ့ အလယ်အလတ်တန်း Chipset ဖြစ်တာအညီ ဂိမ်းအားလုံးနဲ့ App များကို ကိုင်တွယ်နိုင်ပါတယ်။

    3D များ ကစားတဲ့အခါ အနည်းငယ် အထစ်အငေါ့ရှိတာ တွေ့ရပါတယ်။ PUGB Mobile ဂိမ်းကို ညက်ညက်ညောညောကစားနိုင်ပါတယ်။ Storage 128GB ပါဝင်တာကြောင့် အသုံးပြုသူများအနေဖြင့် သီချင်းများစွာ၊ ဗီဒီယိုများစွာ၊ ဓာတ်ပုံများစွာ သိမ်းထားနိုင်ပါမယ်။ ဒီအချက်ကတော့ Honor 20 Lite ရဲ့ အားသာချက်ဖြစ်ပါတယ်။ သုံးသိန်းစွန်းစွန်းဖုန်းအများစုမှာ 64GB ဘဲ ပါဝင်ကြပါတယ်။ microSD ကနေလည်း ထပ်တိုးလို့ရပါသေးတယ်။

    ဒီဖုန်းမှာ Android Pie အခြေခံ EMUI 9.0.1 သုံးထားပါတယ်။ UI က ညက်ညောပြီး အသုံးပြုနိုင်တဲ့ စနစ်တွေ အများကြီးပါဝင်ပါတယ်။ ဒီဖုန်းမှာ ဘက်ထရီ 3400 mAh ပါဝင်ပါတယ်။ ဘက်ထရီပိုင်းကတော့ များတယ် မပြောနိုင်ပေမယ့် သင့်တင့်တဲ့ ပမာဏလို့ ပြောလို့ရပါတယ်။ 10W Charging ဘဲ ထောက်ပံ့ထားပါတယ်။ လက်ဗွေရာစနစ်က အခြား Honor စမတ်ဖုန်းများလိုဘဲ တိကျကာ မြန်ဆန်ပါတယ်။

    Honor 20 Lite ရဲ့ အခြားစနစ်ကို ပြောရမယ်ဆိုရင် စပီကာ အသံပိုင်းက ကျယ်ပါတယ်။ Bass သံတော့ အကောင်းကြီး မဟုတ်ပါဘူး။ ဖုန်းပြောဆိုမှုအသံကွာလတီကောင်းပါတယ်။

    7.50
    7.50
    7.50
    7.00
    8.00
    7.50
    Strength 
    Honor 20 Lite ကို သုံးသပ်ရရင် ဖုန်းရဲ့ ဒီဇိုင်းပိုင်း၊ ရှေ့ကင်မရာပိုင်း၊ ကျောဘက်ကင်မရာပိုင်းတို့ကတော့ အကောင်းဆုံးအပိုင်းတွေ ဖြစ်ပါတယ်။ မြန်မာကျပ်ငွေ ၃၁၉၀၀၀ ဘဲ သတ်မှတ်ထားတာကြောင့် ဖုန်းကောင်းတစ်လုံး ရှာဖွေနေသူများအတွက် သင့်တော်တဲ့ ဖုန်းကောင်းတစ်လုံးပါ။
    Weakness 
    မြင်ကွင်းကျယ်ကင်မရာက သိပ်အားရစရာမရှိပါဘူး။ ကျောဘက်မှာ ပလတ်စတစ်သုံးထားပါတယ်။