7.6 Score

Huawei Y6 Pro (2019) Review

Price List

  • {{ pricelist.name }}
    {{ pricelist.ram }}
    {{ pricelist.price }}
  • Huawei Y6 Pro (2019)'s Key Features

    SIZE 6.09in 720x1560
    CAMERA 13MP Front 8MP
    CPU 2.00GHz Quad-core
    RAM 3GB up to 32GB Storage
    Android OS 9.0 Pie
    BATTERY 3020mAh Li-Ion

    Huawei ဟာ ပြည်တွင်းဈေးကွက်မှာ တန်ဖိုးသင့် စမတ်ဖုန်းတစ်လုံးကို ရောင်းချလာပါတယ်။ Huawei Y6 Pro (2019) ဖြစ်ပါတယ်။ Huawei Y6 Pro (2019) မှာ မျက်နှာပြင် ၆.၀၉ လက်မ ၊ Quad-Core Chipset ၊ Android 9.0 Pie သုံးထားပါတယ်။ ဈေးနှုန်းကတော့ ၁၈၉၀၀၀ ဖြစ်ပါတယ်။ Huawei Y6 Pro က ပေးရတဲ့ ငွေပမာဏနဲ့ ထိုက်တန်တဲ့ အရည်အသွေးရသလား ဆိုတာ ကြည့်လိုက်ရအောင် . . .

    Huawei Y6 Pro (2019) က တန်ဖိုးသင့် စမတ်ဖုန်းတစ်လုံးဖြစ်ပေမယ့် ဒီဇိုင်းကတော့ အဆင့်မြင့် စမတ်ဖုန်း ဒီဇိုင်းမျိုး ဖြစ်ပါတယ်။ လက်ရှိ စမတ်ဖုန်းဈေးကွက်မှာ ရေပန်းစားနေတဲ့ Waterdrop Notch သုံးထားပါတယ်။ မျက်နှာပြင် ၆.၀၉ လက်မရှိပြီး သေးငယ်တဲ့ Notch သုံးထားတာကြောင့် Screen-to Body Ratio မြင့်မားလာပါတယ်။

    Waterdrop Notch အတွင်းမှာ Selfie ကင်မရာ 8MP ထည့်သွင်းထားပါတယ်။ ရှေ့ကင်မရာရဲ့အပေါ်မှာ Earpieces ၊  ဆင်ဆာများ၊ LED Flash နှင့် Notification LED ထည့်သွင်းထားပါတယ်။ မျက်နှာပြင် အောက်ဘက်မှာ Huawei လိုဂို ပါဝင်ပါတယ်။

    ဖုန်းရဲ့ ဘယ်ခြမ်းမှာ SIM ကတ်ပေါက် ပါဝင်ပြီး SIM ကတ်နှစ်ကတ်သုံးနိုင်ပါမယ်။ microSD သုံးမယ်ဆိုရင်တော့ ဖုန်းကတ်တစ်ကတ်ပဲ သုံးနိုင်မှာ ဖြစ်ပါတယ်။ ညာခြမ်းမှာ ပါဝါခလုတ်နှင့် အသံအတိုးခလုတ် ပါဝင်ပါတယ်။ ပလတ်စတစ်သုံးထားပါတယ်။

    ဖုန်းထိပ်ပိုင်းမှာ နားကြပ်ပေါက်နှင့် ဒုတိယမိုက်ခရိုဖုန်း ပါဝင်ပါတယ်။ ဖုန်းအောက်ခြေမှာ အဓိက မိုက်ခရိုဖုန်း၊ microUSB ၊ စပီကာတို့ ပါဝင်ပါတယ်။

    ကျောဘက်မှာ 13MP ကင်မရာ၊ LED Flash နှင့် Huawei လိုဂို ပါဝင်ပါတယ်။

    Huawei Y6 Pro (2019) ကတန်ဖိုးသင့် စမတ်ဖုန်းတစ်လုံးဖြစ်တာကြောင့် ကိုယ်ထည်ရဲ့ နေရာအများစုကို ပလတ်စတစ်နှင့် တည်ဆောက်ထားပေမယ့် အလယ်အလတ်တန်း စမတ်ဖုန်းတစ်လုံးလိုမျိုး ခံစားရစေပါတယ်။ ဒီဇိုင်းတည်ဆောက်ပုံ ကောင်းမွန်တယ်လို့ ပြောလို့ရပါတယ်။

    Huawei Y6 Pro (2019) ရဲ့ မျက်နှာပြင် ၆.၀၉ လက်မကို HD+ ရုပ်ထွက်နှင့် ထောက်ပံ့ထားပါတယ်။ တန်ဖိုးသင့် စမတ်ဖုန်းပီပီ ရုပ်ထွက်ပိုင်းက အကောင်းဆုံးထဲမှာ မပါဝင်ပေမယ့်လည်း 720p+ ရုပ်ထွက်က ဂိမ်းကစားဖို့၊ ရုပ်ရှင်ကြည့်ဖို့၊ MTV ကြည့်ဖို့၊ ဆိုရှယ်မီဒီယာသုံးဖို့ လုံလောက်တဲ့ ရုပ်ထွက် ဖြစ်ပါတယ်။ စပီကာကလည်း အသံကျယ်လောင်တာ တွေ့ရပါတယ်။ ဒါပေမယ့် Bass သံတော့ မပါဝင်ပါဘူး။ 

    Y6 Pro (2019) မှာ ကျောဘက်ကင်မရာ 13MP f/1.8 နှင့် ရှေ့ကင်မရာ 8MP ပါဝင်ပါတယ်။ Beauty ၊ HDR ၊ Pro နှင့် Panorama တို့ ပါဝင်ပါတယ်။

    ဒီဖုန်းက တန်ဖိုးသင့် စမတ်ဖုန်းတစ်လုံးမျှသာ ဖြစ်တာကြောင့် ကင်မရာပိုင်းနဲ့ ပတ်သက်ပြီး သိပ်အများကြီး မျှော်လင့်မထားခဲ့ပါဘူး။ ဒါပေမယ့် တကယ်တမ်း စမ်းကြည့်တဲ့အခါ ဓာတ်ပုံတွေက ကျေနပ်စရာကောင်းပါတယ်။ အထူးသဖြင့် အလင်းရောင်ကောင်းမွန်တဲ့ နေရာမျိုးမှာ ရိုက်ကူးတဲ့ ဓာတ်ပုံတွေက အသေးစိတ်ချပြီး ရုပ်ထွက်ပိုင်း ကောင်းမွန်တာ တွေ့ရပါတယ်။ Focus ပိုင်းကလည်း မြန်တာ တွေ့ရပါတယ်။ တန်ဖိုးသင့် စမတ်ဖုန်းတွေရဲ့ ထုံးစံအတိုင်း အလင်းရောင်အားနည်းတဲ့အခါ ရိုက်ကူးတဲ့ ဓာတ်ပုံတွေကတော့ အားရစရာ မရှိပါဘူး။

    ရှေ့ကင်မရာ 8MP ကလည်း  FaceBook မှာ တင်ဖို့ လုံလောက်တဲ့ Selfie ဓာတ်ပုံကောင်းတွေ ရိုက်ကူးနိုင်တာ တွေ့ရပါတယ်။ Autofocus မပါဝင်ပေမယ့် Face Tracking ပါဝင်ပါတယ်။ တစ်ခုအားသာတာကတော့ Selfie Toning  Flash 2.0 လို့ အမည်ပေးထားတဲ့ LED Flash ပါဝင်တာကြောင့် အလင်းရောင်အားနည်းချိန်မှာလည်း Selfie ကောင်းတွေ ရိုက်ကူးနိုင်ပါမယ်။

    ဗီဒီယို ရိုက်ကူးမှုအပိုင်းနဲ့ ပြောရရင် 1080p@30fps ဖြင့် ရိုက်ကူးနိုင်ပါမယ်။ ဗီဒီယိုက အသေးစိတ်ကျပြီး အရောင်ပေးမှုကောင်းမွန်ပါတယ်။ ဒါပေမယ့် Video Stabilization မပါဝင်တာကြောင့် လက်တုန်ရင်တော့ သိသာတာ တွေ့ရပါတယ်။

    Y6 Pro (2019) ကို MediaTek Helio A22 နှင့် ပါဝါထောက်ပံ့ထားပါတယ်။ ဒီဖုန်းကို RAM3GB+32GB တို့နှင့် ရွေးချယ်နိုင်ပါမယ်။ တန်ဖိုးနည်းဖုန်းနဲ့အညီ ပါဝါပိုင်းလည်း အားနည်းပါတယ်။ ဒါပေမယ့် Facebook ၊ Instagram အစရှိတဲ့ ဆိုရှယ်မီဒီယာတွေက ညက်ညောစွာ သုံးနိုင်ပါတယ်။ ဂိမ်းကစားရလည်း မဆိုးတာ တွေ့ရပါတယ်။ Mobile Legend ၊ PUBG (Mid) တို့ကို ကစားနိုင်တာ တွေ့ရပါတယ်။ ဒါပေမယ့် Frame drop ဖြစ်တာတော့ တွေ့ရပါတယ်။

    ဒီဖုန်းက တန်ဖိုးသင့်ဖုန်းဖြစ်တာနဲ့အညီ လက်ဗွေရာစနစ် မထည့်သွင်းပေးထားပါဘူး။ ဒါပေမယ့် Face Unlock စနစ်ထည့်သွင်းပေးထားပါတယ်။

    Android Pie အခြေခံ EMUI 9 သုံးထားပါတယ်။ EMUI 9 က EMUI 8 နှင့် နှိုင်းယှဉ်ရင် ပိုပြီးတော့ ရှင်းလင်းပြီး သုံးရတာ လွယ်ကူလာပါတယ်။ Huawei App များဖြစ်ကြတဲ့ Phone Manager ၊ Theme Store ၊ HiCare ၊ App Gallery စတဲ့ App တွေ ပါဝင်ပါတယ်။

    ဒါ့အပြင် ဖုန်းအသုံးပြုမှုကို ပြသတဲ့ Digital Balance စနစ်ပါဝင်သလို Ride Mode နှင့် Party Mode တို့လည်း ပါဝင်ပါတယ်။ FaceBook ၊ Messanger ၊ Camera 360 တို့ကိုလည်း ထည့်သွင်းပေးထားပြီး ဖြစ်ပါတယ်။

    4G LTE ၊ Wi-Fi ၊ Bluetooth ၊ FM Radio တို့ ပါဝင်ပါတယ်။ ဒီဖုန်းမှာ ဘက်ထရီ 3020 mAh ပါဝင်ပါတယ်။ ဗီဒီယိုစမ်းသပ်ကြည့်တဲ့အခါ ၁၄ နာရီ ကျော် ကြည့်ရှုနိုင်တာ တွေ့ရပါတယ်။ ဘက်ထရီပမာဏက နည်းတယ်လို့ ပြောလို့ရပေမယ့် ပုံမှန်မျှသာ အသုံးပြုမယ်ဆိုရင်တော့ တစ်နေ့တာ အသုံးပြုနိုင်တဲ့ ပမာဏ ဖြစ်ပါတယ်။

    8.00
    8.00
    7.50
    7.00
    7.50
    7.50
    Strength 
    ဖုန်းရဲ့ ဒီဇိုင်းပိုင်း၊ မျက်နှာပြင် အရွယ်အစားပိုင်း၊ ကင်မရာပိုင်း ကောင်းမွန်သလို ဘက်ထရီနှင့် ဆော့ဝဲလ် OS တို့ကလည်း ကောင်းပါတယ်။
    Weakness 
    ဒီဖုန်းက တန်ဖိုးသင့် ဖုန်းတစ်လုံးဖြစ်တာကြောင့် အားနည်းချက်တွေ ရှိပါတယ်။ ဈေးနှုန်းနှင့် နှိုင်းယှဉ်သုံးသတ်ရင်တော့ ဖုန်းကောင်းတစ်လုံးလို့ ပြောလို့ရပါတယ်။