8.6 Score

Xiaomi Mi 8 SE Review

Price List

  • {{ pricelist.name }}
    {{ pricelist.ram }}
    {{ pricelist.price }}
  • Xiaomi Mi 8 SE's Key Features

    SIZE 5.88in 1080 x 2244
    CAMERA 12MP Front 20MP
    CPU 2.20GHz Octa-core
    RAM 4GB, 6GB up to 64GB Storage
    Android OS 8.1 Oreo
    BATTERY 3120mAh Li-Pol

    Xiaomi ဟာ ပြီးခဲ့တဲ့ ဇွန်လအစောပိုင်းတုန်းက ကုမ္ပဏီ သက်တမ်း ၈ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် Xiaomi Mi 8 ၊ Xiaomi Mi 8 Explorer Edition ၊ Xiaomi Mi 8 SE တို့ကို ကြေညာခဲ့ပါတယ်။ Xiaomi Mi 8 နှင့် Xiaomi Mi 8 Explorer Edition တို့က အဆင့်မြင့် စမတ်ဖုန်းတွေ ဖြစ်ပါတယ်။ Xiaoim Mi 8 SE က အလယ်အလတ်တန်းဖုန်း ဖြစ်ပါတယ်။

    Xiaomi Mi 8 SE က အလယ်အလတ်တန်းဖုန်းဆိုပေမယ့် Snapdragon 710 SoC နှင့် ပါဝါထောက်ပံ့ထားတာကြောင့် အလယ်အလတ်တန်းဖုန်းတွေထဲမှာ ပါဝါထောက်ပံ့မှု အကောင်းဆုံးဖုန်းစာရင်းဝင် ဖြစ်ပါတယ်။

    ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းနေတာက ဈေးနှုန်း ဖြစ်ပါတယ်။ Xiaomi Mi 8 SE ရဲ့ဈေးနှုန်းက မြန်မာကျပ်ငွေ ၄၁၅၀၀၀ ဖြစ်ပါတယ်။ Snapdragon 636 ၊ Snapdragon 660 အသုံးပြုထားတဲ့ အခြားစမတ်ဖုန်းအမှတ်တံဆိပ်တွေရဲ့ ဈေးနှုန်းနဲ့ နှိုင်းယှဉ်လိုက်ရင် အများကြီး သက်သာနေပါတယ်။ Snapdragon 660 အသုံးပြုထားတဲ့ Samsung Galaxy A8 Star ဈေးနှုန်းက ၇၈၉၀၀၀ အထိ ရှိနေတာကို ကြည့်ရင် Xiaomi Mi 8 SE ရဲ့ဈေးနှုန်းက ဘယ်လောက် သက်သာတယ်ဆိုတာ သိနိုင်ပါတယ်။

    Xiaomi Mi 8 SE မှာ Mi 8 နှင့် Mi 8 Explorer တို့လို 3D Face ID ၊ မျက်နှာပြင် ရုပ်ထွက်အောက် လက်ဗွေရာစနစ်တို့ မပါဝင်ပေမယ့် စိတ်လှုပ်ရှားဖို့ကောင်းတာတွေ အများကြီး ပါဝင်နေပါတယ်။ ဒါကြောင့် Xiaomi Mi 8 SE က inmya.com ပရိသတ်များအတွက် ဘာကြောင့် ဖုန်းကောင်းတစ်လုံး ဖြစ်နေတယ်ဆိုတာ သုံးသပ် တင်ပြသွားပါမယ်။

    Xiaomi Mi 8 SE ကို ကျောဘက်မှာ မှန်သုံးထားပြီး အလူမီနီယမ်ဘောင်နှင့်ကွပ်ကာ တည်ဆောက်ထားပါတယ်။ မျက်နှာပြင်နှင့် ကျောဘက်တို့မှာ Corning Gorilla Glass မှန်သုံးထားပါတယ်။

    ကျောဘက်ကင်မရာနှစ်လုံးပါဝင်ပြီး iPhone X လို ဒီဇိုင်းသုံးထားပါတယ်။ ကင်မရာဆင်ဆာနှစ်ခုကြားမှာ LED Flash ကို ထည့်သွင်းထားပါတယ်။ လက်ဗွေရာစနစ်ကိုလည်း ကျောဘက်မှာ ထည့်သွင်းထားပါတယ်။

    Face ID မပါဝင်ပါဘူး။ လက်ဗွေရာစနစ်ကိုသုံးပြီးတော့ဘဲ ဖုန်းဖွင့်ရပါမယ်။ ဒါပေမယ့် လက်ဗွေရာစနစ်ကလည်း တိကျမြန်ဆန်ပါတယ်။ ဖုန်းအောက်ခြေမှာ စပီကာနှစ်ခုနှင့် USB C ပေါက်ပါဝင်ပါတယ်။အသံအတိုးအချဲ့ခလုတ်များ၊ ပါဝါခလုတ်များကို ညာခြမ်းမှာ ထည့်သွင်းထားပါတယ်။

    ဖုန်းရဲ့အထူက ၇.၅ စင်တာမီတာပဲ ရှိတာကြောင့် Mi 8 ထက် ပိုပြီးတော့ ပါးလျပါတယ်။ အလေးချိန်ကလည်း ၁၆၄ ဂရမ်သာ ရှိတာကြောင့် Mi 8 ထက် ပိုပေါ့ပါးပါတယ်။

    ဖုန်းရဲ့အတိုင်းအတာက 147.28x73.09x7.5 mm ရှိပေမယ့် အချိုးကြောင့် ၅.၂ လက်မဖုန်းကဲ့သို့ အသုံးပြုနိုင်ပါမယ်။

    ဒီဖုန်းကို ခဲရောင်၊ အပြာရောင်၊ အနီရောင်၊ ရွှေရောင်တို့နှင့် ရွေးချယ်နိုင်ပါမယ်။

    Xiaomi Mi 8 SE မှာ လက်ရှိ စမတ်ဖုန်းဈေးကွက်မှာ ခေတ်စားနေတဲ့ Notch ဒီဇိုင်းပါဝင်ပါတယ်။ Xiaomi Mi 8 SE က Mi 8 ၊ Mi 8 Explorer တို့လောက် မရှည်လျားပေမယ့်လည်း ဘောင်နှင့် မျက်နှာပြင်အကြား ကွာဟချက်က အလွန်ကျဉ်းမြောင်းပါတယ်။ Xiaomi Mi 8 SE မျက်နှာပြင် အောက်ပိုင်းကို ကြည့်လိုက်ရင် သိသာပါတယ်။ မျက်နှာပြင်က ၅.၈၈ လက်မရှိပြီး Super AMOLED သုံးထားပါတယ်။ Samsung Display ထုတ် Super AMOLED သုံးထားတာ ဖြစ်ပါတယ်။

    1080x2244 px Resolution သုံးထားပါတယ်။ 423 px Per Inch ရှိပါတယ်။ မျက်နှာပြင်နှင့် ဘောင်အကြား ကွာဟချက် ကျဉ်းမြောင်းတယ်ဆိုပေမယ့် Screen-to Body Ratio က ၈၁.၃ ရာခိုင်နှုန်းပဲ ရှိပါတယ်။

    ဒါပေမယ့် HDR10 နှင့် DCI-P3 Color Gumut ထောက်ပံ့ပေးထားတဲ့အပြင် Gorilla Glass 5 မှန်သုံးထားတာကြောင့် ရုပ်ထွက်ပိုင်း အင်မတန်ကောင်းမွန်ပါတယ်။ အလင်းပေးမှု 600 nits အထိ ရှိတာကြောင့် နေရောင်တိုက် ရိုက်ကျတဲ့အချိန်မှာလည်း ကြည့်ရတာ အဆင်ပြေကောင်းမွန်တာ တွေ့ရပါတယ်။

    Xiaomi Mi 8 SE က Qualcomm Snapdragon 710 SoC Chipset နှင့် ပါဝါထောက်ပံ့ထားပါတယ်။ Octa-core Processor နှင့် 64-bit CPU ပါဝင်ပါတယ်။ 8-core Processor ရဲ့ မြန်နှုန်းက 2.2GHz အထိ ရှိပါတယ်။ 10nm FinFET နည်းပညာဖြင့် တည်ဆောက်ထားတာပါ။ GUP ကလည်း အသစ်ဖြစ်ပါတယ်။ Adreno 616 GPU ပါဝင်ပါတယ်။ Snapdragon 710 သုံးထားတဲ့အပြင် RAM6GB  အသုံးပြုထားတာကြောင့် စွမ်းဆောင်ရည်က အလွန်မြင့်မားပါတယ်။ ဘယ်ဂိမ်းကိုမဆို ပေါ့ပါးစွာ ကစားနိုင်တဲ့အပြင် App တွေ ဘယ်လောက်ဖွင့်ဖွင့်၊ စာမျက်နှာတွေ ဘယ်လောက်ဖွင့်ဖွင့် လေးပင်ခြင်း မရှိပါဘူး။

    Xiaomi Mi 8 SE မှာ Android 8.1 Oreo အခြေခံ MIUI 10 သုံးထားပါတယ်။ MIUI 10 က ရိုးရှင်းပြီး အလွန်ပေါ့ပါးမြန်ဆန်ပါတယ်။ အသုံးပြုနိုင်တဲ့စနစ်တွေလည်း အများကြီး ပါဝင်လာပါတယ်။

    Xiaomi Mi 8 SE ရဲ့ကင်မရာက Mi 8 နှင့် များစွာကွဲပြားပါတယ်။ SE မှာ 12MP+5MP ကျောဘက်ကင်မရာနှစ်လုံး သုံးထားပါတယ်။ အလင်းဝင်ပေါက် f/1.9 နှင့် f/2.2 သုံးထားပါတယ်။ အဓိကကင်မရာ 12MP မှာ Dual-Pixel PDAF ၊ Gyro-EIS တို့ ပါဝင်ပါတယ်။ ဒုတိယ ကင်မရာ 5MP က Telephoto ကင်မရဖြစ်ပါတယ်။ Dual-LED Flash ဖြင့်ထောက်ပံ့ထားပါတယ်။

    Dual Pixel Phase Detection Autofocus ၊ Geo-Tagging ၊ Touch Focus ၊ HDR ၊ Panorama ပါဝင်ပါတယ်။ AI စနစ်ပါဝင်ပြီး Beautification ၊ Bokeh ၊ Scene Recognition တို့ထောက်ပံ့ပေးထာပါတယ်။ ဗီဒီယို ရိုက်ကူးမှုကို 2160p@60fps ဖြင့်လည်းကောင်း၊ 1080p@120fps ဖြင့်လည်းကောင်း ရိုက်ကူးနိုင်ပါတယ်။

    ရှေ့ကင်မရာက 20MP f/2.0 ဖြစ်ပါတယ်။ AI Beautification စနစ်များ ထောက်ပံ့ထားပါတယ်။

    Xiaomi Mi 8 SE မှာ ဘက်ထရီ 3120 mAh ပါဝင်ပါတယ်။ USB Type C သုံးထားကာ အလျှင်အမြန် အားသွင်းစနစ် ထောက်ပံ့ထားပါတယ်။ ဘက်ထရီ အားအပြည့်သွင်းဖို့ ၁.၇ နာရီပဲ အချိန်ယူရပါမယ်။

    8.50
    8.50
    8.50
    9.00
    8.50
    8.50
    Strength 
    ဒီဇိုင်းပိုင်း၊ ပါဝါထောက်ပံ့မှုပိုင်း ကောင်းမွန်ပါတယ်။ MIUI 10 လည်း သုံးထားပါတယ်။ ရှေ့ကင်မရာ စွမ်းဆောင်ရည်က ကျေနပ်စရာကောင်းလှပါတယ်။
    Weakness 
    ကင်မရာက ကောင်းမွန်တယ်ဆိုပေမယ့် အလင်းရောင်းအားနည်းတဲ့အချိန်မှာ ရိုက်ကူးတဲ့ ဓာတ်ပုံတွေက ကျေနပ်စရာသိပ်မကောင်းပါဘူး။ Super AMOLED သုံးထားတာကြောင့် ဘက်ထရီ သုံးစွဲမှု ပိုမြင့်နေပါတယ်။ ဘက်ထရီပမာဏ ဒီထက် ပိုများရင် ပိုပြီးတော့ ကောင်းပါမယ်။