You are here

8.2 Score

Samsung Galaxy J6

Price List

  • {{ pricelist.name }}
    {{ pricelist.ram }}
    {{ pricelist.price }}
  • Samsung Galaxy J6's Key Features

    SIZE 5.60in 720 x 1480
    CAMERA 13MP Front 8MP
    CPU 1.60GHz Octa-core
    RAM 3GB, 4GB up to 64GB Storage
    Android OS 8.0 Oreo
    BATTERY 3000mAh Li-Ion

    Samsung ဟာ Galaxy J6 ကို ရောင်းချနေပြီ ဖြစ်ပါတယ်။ Samsung Galaxy J6 က အဆင့်မြင့် စမတ်ဖုန်း Galaxy S9 စီးရီးနှင့် ဈေးနှုန်းခြင်းနှိုင်းယှဉ်ရင် အများကြီး သက်သာတဲ့ ဖုန်းတစ်လုံးဆိုရင်လည်း မမှားပါဘူး။ Samsung Galaxy J6 ရဲ့ဈေးနှုန်းက မြန်မာကျပ်ငွေ ၃၁၅၀၀၀ ဖြစ်ပါတယ်။

    Samsung ဟာ Huawei ရဲ့နောက်ကိုလိုက်ပြီး အလယ်အလယ်တန်းနှင့် တန်ဖိုးသင့်ဖုန်းတွေကို စီးရီးပေါင်းများစွာ ရောင်းချလာတာလည်း ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် Samsung ဟာ တစ်လလျှင် ဖုန်းတစ်လုံးသစ်တစ်လုံးနှုန်းနှင့် ကြေညာရောင်းချနေတာ တွေ့ရပါတယ်။ အခု Samsung Galaxy J6 ကလည်း ဈေးနှုန်းပိုင်းသက်သာတဲ့  အလယ်အလယ်တန်းစမတ်ဖုန်းတစ်လုံးဆိုပေမယ့် ဒီဖုန်းမှာ ပါဝင်တဲ့ စနစ်အချို့က အဆင့်မြင့် စမတ်ဖုန်းတွေမှာ မြင်တွေ့ရတဲ့ စနစ်တွေ ဖြစ်ကြပါတယ်။

    Samsung Galaxy J6 ရဲ့ ဈေးနှုန်းကို တန်ဖိုးသင့်တဲ့ဖုန်းတစ်လုံးလို့ ဆိုလိုက်လို့ ဒီဖုန်းမှာ အားနည်းချက် အများကြီး ရှိနေမယ်လို့တော့ မယူလိုက်ပါနဲ့။ ဒီဖုန်းမှာ လက်ရှိစမတ်ဖုန်းဈေးကွက်မှာ ခေတ်စားနေတဲ့စနစ်တွေ အားလုံး ပါဝင်ပါတယ်။ ဒီဖုန်းမှာ မျက်နှာပြင်အပြည့် ရုပ်ထွက် အသုံးပြုထားသလို အလင်းဝင်ပေါက် f/1.9 သုံးထားတဲ့ ကျောဘက်ကင်မရာ 13MP ပါဝင်ပါတယ်။

    တစ်ဖက်ကြည့်လိုက်ပြန်ရင်လည်း Samsung Galaxy J6 ကို Huawei ၊ Xiaomi တို့ရဲ့ အလယ်အလတ်တန်းဖုန်းတွေနဲ့ နှိုင်းယှဉ်လိုက်ပြန်ရင်လည်း အားနည်းချက်တွေ ရှိနေပြန်တာ တွေ့ရပါတယ်။ Samsung Galaxy J6 က စာဖတ်သူတို့အနေဖြင့် ရွေးချယ်သင့်တဲ့ဖုန်းတစ်လုံး၊ မရွေးသင့်တဲ့တစ်လုံးလားဆိုတာ အောက်က သုံးသပ်ချက်တွေကို ဆက်ဖတ်ကာ ဆုံးဖြတ်လိုက်ကြပါတော့။

    Samsung Galaxy J6 က Infinity Display အသုံးပြုထားတဲ့ Samsung အလယ်အလတ်တန်းဖုန်းတစ်လုံး ဖြစ်ပါတယ်။ မျက်နှာပြင်အပြည့်နီးပါး ရုပ်ထွက်ဆိုပေမယ့် Screen-to Body Ratio က ၇၅.၉ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ပြောရမယ်ဆိုရင် 18:5:9 ဆိုပေမယ့် 16:9 ထက် အနည်းငယ်ပဲ ပိုသာတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် Super AMOLED သုံးထားတာကြောင့် ရုပ်ထွက်ပိုင်း အလွန်ကောင်းမွန်ပါတယ်။ ဒ့ါအပြင် မျက်နှာပြင် ၅.၆ လက်မကို HD+ ရုပ်ထွက်နှင့် ထောက်ပံ့ထားပါတယ်။ ဒါကြောင့် ရုပ်ထွက်ပိုင်းကတော့ ကျေနပ်မှုစရာကောင်းနေပါတယ်။ အလင်းပေးမှု ကောင်းမွန်ပါတယ်။ အလင်းရောင်တိုက်ရိုက်ကျတဲ့အချိန်မှာတောင် ကြည့်ရတာ အဆင်ပြေ ကောင်းမွန်နေပါတယ်။ Auto Brightness စနစ်ပါဝင်မှုကလည်း အင်မတန် အသုံးဝင်ပါတယ်။ ယင်းစနစ်ကြောင့် ဘယ်လို အခြေအနေမျိုးမဆို ကောင်းမွန်စွာ ကြည့်နိုင်ပါမယ်။

    Samsung ဟာ ပြီးခဲ့တဲ့နှစ်မှ စတင်ပြီး အလယ်အလတ်တန်းဖုန်းတွေရဲ့ ဒီဇိုင်းကို အပြောင်းအလဲတွေ လုပ်ထားပါတယ်။ လက်ဗွေရာစနစ်ကို ကျောဘက်မှာ ထည့်သွင်းလာပါတယ်။ မျက်နှာပြင်အပေါ်ပိုင်းမှာ ရှေ့ကင်မရာဆင်ဆာ၊ LED Flash ၊ ဆင်ဆာတို့ ပါဝင်ပါတယ်။ ပါဝါခလုတ်ကို ညာခြမ်းမှာ ထည့်သွင်းထားပြီး အသံအတိုးအချဲ့ခလုတ်တို့ကို ဘယ်ခြမ်းမှာ ထည့်သွင်းထားပါတယ်။ ကျောဘက်မှာ ကင်မရာနှင့် လက်ဗွေရာစနစ်တို့ကို ထည့်သွင်းထားပြီး LED Flash ကို ဘေးမှာ ထည့်သွင်းထားပါတယ်။ Samsung Galaxy J6 ရဲ့ဒီဇိုင်းကို သုံးသပ်ရမယ်ဆိုရင် ကောင်းမွန်တယ်လို့ ဆိုနိုင်ပေမယ့် ပလတ်စတစ်ဘော်ဒီ သုံးထားတာကြောင့် အဆင့်မြင့် ဖုန်းဒီဇိုင်းပုံမပေါက်ပါဘူး။ သာမန်ထက် ပိုကောင်းတယ်လို့ပဲ ပြောရပါမယ်။

    Huawei က Kirin 659 Chipset ကို သူတို့ ထုတ်သမျှ အလယ်အလတ်တန်းဖုန်းမှာ သုံးပါတယ်။ Samsung ကလည်း Exynos 7870 Chipset ကို သူတို့ရဲ့ အလယ်အလတ်တန်းဖုန်းတိုင်းလိုလိုမှာ သုံးပါတယ်။ Exynos 7870 Chipset က သက်တမ်း ၂ နှစ် ရှိပြီဆိုပေမယ့် စွမ်းဆောင်ရည်က ကျေနပ်စရာ ကောင်းနေတုန်း ဖြစ်ပါတယ်။ AnTuTu မှာ ရမှတ် ၆၃၂၀၁ ရရှိပါတယ်။ ဒါကြောင့် Exynos 7870 က ၂၀၁၈ ခုနှစ်ရဲ့ အလယ်အလတ်တန်းဖုန်းတွေမှာ စွမ်းဆောင်ရည်ကောင်းနေဆဲ Chipset လို့ ပြောရပါမယ်။ Galaxy J6 မှာ RAM3GB နှင့် Storage 32GB ပါဝင်ပါတယ်။ ပါဝါပိုမြင့်တဲ့ဗားရှင်းအနေဖြင့် RAM4GB+64GB ဗားရှင်းကိုလည်း ရွေးချယ်နိုင်ပါတယ်။ ပုံမှန် Multitasking လုပ်တာတွေ၊ ဂိမ်းကစားတာတွေကို ပေါ့ပါးစွာ လုပ်ဆောင်နိုင်ပါတယ်။

    လက်ရှိ ခေတ်စားနေတဲ့ Mobile Legends ၊ PURG Mobile ၊ Marvel Furture Fight ၊ Asphalt 8 တို့လို 3D ဂိမ်းများကို ကောင်းမွန်စွာ ကစားနိုင်ပါတယ်။

    ဒါ့အပြင် Samsung Experience Skin ကလည်း ကောင်းမွန်တာကြောင့် Samsung Galaxy J6 ရဲ့ စွမ်းဆောင်ရည်က ကျေနပ်စရာကောင်းပါတယ်။ Android 8.0 Oreo အခြေခံ Samsung Experience 9.0 UI သုံးထားပါတယ်။ Samsung Mall App အမည်ရှိ ဓာတ်ပုံသုံးပြီး ပစ္စည်းရှာခိုင်းနိုင်တဲ့ စနစ်များပါဝင်ပါတယ်။

    နောက်ထပ် ကျေနပ်စရာကောင်းတဲ့စနစ်တစ်ခုကတော့ Chat Over Video ဖြစ်ပါတယ်။ ဗီဒီယိုကြည့်နေစဉ်အတွင်း စာလာပို့တဲ့အခါ ဗီဒီယိုကြည့်မပျက်ဘဲ စာပြန်နိုင်ပါမယ်။ S Bike Mode လည်း ပါဝင်ပါတယ်။ ဒီစနစ်က ယမန်နှစ် J စီးရီးမှာ စတင်ထည့်သွင်းခဲ့တဲ့ စနစ်ပါ။  လက်ရှိ Android ဖုန်းအများစုမှာ ပါဝင်တဲ့ Dual Messenger App လည်း ပါဝင်တာကြောင့် Facebook ၊ WhatsApp တို့ကို သုံးနိုင်ပါမယ်။ ဒါ့အပြင် အခြား အသုံးပြုနိုင်မယ့်စနစ်တွေ အများကြီး ပါဝင်ပါသေးတယ်။

    ဖုန်းလုံခြုံရေးအတွက် ကျောဘက်မှာ လက်ဗွေရာစနစ်ပါဝင်ပြီး လုပ်ဆောင်မှုက အလွန်မြန်ဆန်ပါတယ်။ လက်ဗွေရာစနစ်ဆင်ဆာကို သုံးကာ Notification ကို Scroll လုပ်နိုင်ပါမယ်။ ဒါ့အပြင် Face Unlock ကိုလည်း ထည့်သွင်းထားပါသေးတယ်။ Face Unlock က အလင်းရောင်ကောင်းချိန်မှာ အလုပ်လုပ်ပေမယ့် အလင်းရောင်မကောင်းရင်တော့ အလုပ်မဖြစ်တာ သတိပြုရပါမယ်။

    နောက်ထပ် ပြောရမယ့်အချက်ကတော့ အသံပိုင်းဖြစ်ပါတယ်။ အသံပိုင်းက ကျယ်တာ တွေ့ရပါတယ်။

    Samsung Galaxy J6 မှာ ကျောဘက်ကင်မရာ 13MP f/1.9 သုံးထားပါတယ်။ ကင်မရာပိုင်းက ကျေနပ်အားရစရာ မရှိပါဘူး။ နေ့ဘက် အလင်းရောင်ကောင်းမွန်တဲ့ အချိန်အခါမျိုးမှာ ရိုက်ကူးတဲ့ ဓာတ်ပုံ တောင် ကျေနပ်စရာမကောင်းပါဘူး။ ကာလာပေးစွမ်းမှု အားရစရာမရှိပါဘူး။ အထူးသဖြင့် Super AMOLED ရုပ်ထွက်သုံးထားတာကြောင့် ဓာတ်ပုံ အရည်အသွေး သိပ်မကောင်းမွန်တာကို ရှင်းလင်းစွာ မြင်နိုင်ပါတယ်။ HDR Mode ပါဝင်ပေမယ့် ဓာတ်ပုံအရည်အသွေးပိုင်းအတွက် အထောက်အပံ့မဖြစ်ပါဘူး။ Night ၊ Beauty ၊ Panorama ၊ Pro စတဲ့ စနစ်တွေသုံးပြီး ရိုက်ကူးတဲ့ ဓာတ်ပုံတွေကတော့ မဆိုးဘူးလို့ ပြောရပါမယ်။

    Samsung Galaxy J6 မှာ ရှေ့ကင်မရာက 8MP f/1.9 သုံးထားပါတယ်။ Selfie Light ထည့်သွင်းပေးထားပါတယ်။ အလင်းရောင်အားနည်းချိန်မှာလည်း Selfie ဓာတ်ပုံကောင်း ရိုက်ကူးနိုင်အောင် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ နေ့ဘက် ရိုက်တဲ့ Selfie တွေက ကောင်းမွန်ပါတယ်။ ဒါပေမယ့် ညဖက် ရိုက်ကူးတဲ့ Selfie ဓာတ်ပုံတွေက Facebook မှာ တင်ရလောက်အောင် မကောင်းမွန်ပါဘူး။ ကျေနပ်စရာ ကောင်းတာကတော့ S စီးရီးမှာ ပါဝင်တဲ့ Stickers Mode ပါဝင်တာ ဖြစ်ပါတယ်။

    Samsung Galaxy J6 နှင့် ဗီဒီယို ရိုက်ကူးမှုကို FullHD (1080p) ဖြင့် ပြုလုပ်နိုင်ပါမယ်။ Autofocus ပါဝင်ပါတယ်။ Electronic Image Stabilization မပါဝင်တာကြောင့် ဗီဒီယိုတွေက ကြည့်ရတာ အဆင်မပြေပါဘူး။

    Samsung Galaxy J6 မှာ ဘက်ထရီ 3000 mAh ပါဝင်ပါတယ်။ ဘက်ထရီပမာဏ နည်းတယ်လို့ မြင်နိုင်ပေမယ့် Samsung ဟာ Battery Life ကောင်းမွန်အောင် လုပ်ဆောင်ထားပါတယ်။ အထူးသဖြင့် ပါဝါသုံးစွဲမှုမများအောင် လုပ်ဆောင်ထားတာကြောင့် ဘက်ထရီ တော်တော် အသုံးခံတာ တွေ့ရပါတယ်။ HD ဗီဒီယို ကြည့်မှုကို ၁၄ နာရီ၊ ၁၀ မိနစ်အထိ ပြုလုပ်နိုင်ပါတယ်။ ဘက်ထရီ 4000 mAh ပါဝင်တဲ့ Xiaomi Redmi Note 5 Pro လောက်နီးနီးကောင်းမွန်ပါတယ်။

    သာမန်မျှသာ အသုံးပြုသူများအနေဖြင့် တစ်ရက်ခွဲကြာ အသုံးနိုင်တာ တွေ့ရပါတယ်။ အားသွင်းမှုနှင့် ဒေတာ အပြောင်းအလဲလုပ်မှုကို microUSB ဖြင့် ပြုလုပ်ရပါမယ်။ USB Type C မသုံးထားမှုက စိတ်ပျက်စရာပါ။ အလျှင်အမြန် အားသွင်းစနစ်မပါဝင်ပါဘူး။ အားအပြည့်သွင်းဖို့အတွက် ၂.၅ နာရီ အချိန်ယူရပါတယ်။

    8.00
    8.50
    8.50
    8.50
    7.50
    8.00
    Strength 
    Super AMOLED သုံးထားမှု၊ စွမ်းဆောင်ရည်နှင့် ဆော့ဝဲလ်ပိုင်းတို့က ကျေနပ်စရာပါ။
    Weakness 
    Samsung Galaxy J6 ရဲ့ဈေးနှုန်းက Samsung အတွက် စိန်ခေါ်မှုတစ်ခု ဖြစ်နေပါတယ်။ သုံးသိန်းစွန်းစွန်း ဖုန်းဈေးကွက်မှာ Galaxy A6 ထက် ကောင်းတဲ့ဖုန်းတွေ ရွေးချယ်စရာတွေ ရှိနေပါတယ်။ အထူးသဖြင့် ကင်မရာပိုင်း သိပ်မကောင်းမှုက အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်နေပါတယ်။