You are here

M-ပိုက်ဆံ App ဖြင့် မည်သည့်မိုဘိုင်းဖုန်းနံပါတ်ကိုမဆို ဖုန်းငွေဖြည့်ပြီး ၅% အထိ ပြန်အမ်းငွေလက်ဆောင်များကို ရယူနိုင်ပြီ

Apps
Local
Mobile

M-ပိုက်ဆံမှ ၎င်း၏ မိုဘိုင်းငွေကြေးဝန်ဆောင်မှုသုံးစွဲသူတွေ နှစ်ခြိုက်သဘောကျစေမည့် ပြန်အမ်း ငွေလက်ဆောင် အစီအစဉ်တစ်ခုကို ကမ်းလှမ်းလိုက်ပါသည်။ သုံးစွဲသူများအနေဖြင့်  M-ပိုက်ဆံ App ကို အသုံးပြုပြီး ဖုန်းဘီလ်ဝယ်ယူတိုင်း ပြန်အမ်းငွေလက်ဆောင်များကို ရယူနိုင်မည် ဖြစ်ပါသည်။
 M-ပိုက်ဆံမှ ယုံကြည်စိတ်ချရသည့် မိုဘို်ငးငွေကြေးဝန်ဆောင်မှုတွေကို ပေးအပ်လျက်ရှိပြီး သုံးစွဲသူ များအနေဖြင့် M-ပိုက်ဆံ App ကို အသုံးပြု၍ သော်လည်းကောင်း၊ M-ပိုက်ဆံ ကိုယ်စားလှယ်များ ထံတွင်လည်းကောင်း ဝန်ဆောင်မှုကို ရယူအသုံးပြုနိုင်မည် ဖြစ်ပါသည်။
M-ပိုက်ဆံAppကို အသုံးပြု၍ မည်သည့်မိုဘိုင်းဖုန်းနံပါတ်ကိုမဆို ဖုန်းငွေဖြည့်ခြင်း၊ ငွေလွှဲခြင်းနှင့် ငွေပေးချေခြင်းများကို မည်သည့်အချိန် မည်သည့်နေရာတွင်မဆို လွယ်ကူစွာနဲ့ ယုံကြည်စိတ်ချစွာ လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။ 
ကျန်းမာရေးနှင့် လုံခြုံစိတ်ချမှုရှိစေရေးကို ဂရုစိုက်သည့်အနေဖြင့် လူသူထူထပ်သည့်နေရာများကို ရှောင်ရှားသည်မှာ ပို၍ကောင်းပါသည်။ M-ပိုက်ဆံမှ သုံးစွဲသူများအား ယခုအချိန်ကာလမျိုးမှာ အပြင်ထွက်စရာမလိုဘဲ M-ပိုက်ဆံ App ကိုသုံးပြီး ဖုန်းငွေဖြည့်နိုင်အောင် တိုက်တွန်းအားပေး သည့်အနေဖြင့် ဖုန်းငွေဖြည့်တိုင်း ၅% အထိ ပြန်အမ်းငွေလက်ဆောင်များကို ပေးအပ်လျက်ရှိပါသည်။ M-ပိုက်ဆံ App နှင့် ဖုန်းငွေဖြည့်ခြင်းသည် သုံးစွဲသူများအတွက် အလွန်အဆင်ပြေလွယ်ကူပြီး အပြင်ထွက်စရာမလိုဘဲ အိမ်တွင်ဖြစ်စေ၊ ရုံးတွင်ဖြစ်စေ မိမိတို့မိုဘိုင်းဖုန်းပေါ်တွင်ပင် လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။ 

M-ပိုက်ဆံ App ဖြင့် မည်သည့်အူရီဒူးနံပါတ်ကိုမဆို ဖုန်းငွေဖြည့်တိုင်းတွင် ဖြည့်သည့် ပမာဏ၏ ၅% ကို ပြန်အမ်းငွေလက်ဆောင်အဖြစ် ချက်ချင်းရရှိမည်ဖြစ်ပြီး အခြားအော်ပရေတာများ ဖြစ်သည့် MPT, Mytel, MECTel ဖုန်းနံပါတ်များကို ဖုန်းငွေဖြည့်လျင် ၃% ပြန်အမ်းငွေလက်ဆောင်နှင့် တယ်လီနောဖုန်းနံပါတ်ကို ဖုန်းငွေဖြည့်လျင် ၂.၅% ပြန်အမ်းငွေလက်ဆောင်ရရှိမည် ဖြစ်ပါသည်။ ပြန်အမ်းငွေလက်ဆောင်များကို ဖုန်းငွေဖြည့်သူ၏ M-ပိုက်ဆံအကောင့်ထဲသို့ ချက်ချင်းထည့်သွင်း ပေးမည် ဖြစ်ပါသည်။ 

ယခုပဲ M-ပိုက်ဆံနှင့် ဖုန်းငွေဖြည့်ပြီး ပြန်အမ်းငွေလက်ဆောင်များကို ရယူနိုင်ပါပြီ။ *999# ကို ဖုန်းခေါ်ဆို၍ဖြစ်စေ Google Play သို့ App Store မှဖြစ်စေ M-ပိုက်ဆံ App ကို ဒေါင်းလုတ်ပြုလုပ် နိုင်မည်ဖြစ်ပါသည်။ 

Related Articles