You are here

Capital Connect သည် မြန်မာပြည်တစ်ဝန်းရှိ ပြည်သူများအား လူနေမှုပုံစံသစ်အတွက် ငွေကြေးဝန်ဆောင်မှုပေးရန် Citizens ကို စတင်မိတ်ဆက်

Apps
Local
Mobile

Capital Diamond Star Group (CDSG) အဖွဲ့အစည်း၏ အဖွဲ့ဝင်ကုမ္ပဏီတစ်ခုဖြစ်သည့် Capital Connect သည် ကုန်သည်များ၊ ကိုယ်စားလှယ်ပေါင်းများစွာနှင့် ကွန်ရက်ဆက်သွယ်ထားပြီး မြန်မာနိုင်ငံအနှံ့ ငွေပို့ငွေလွှဲခြင်းနှင့် ငွေပေးချေခြင်းစသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဒီဂျစ်တယ် မိုဘိုင်းပိုက်ဆံအိတ် အပလီကေးရှင်း Citizens (MCB မှ ထောက်ပံ့ပေးထား)ကို တရားဝင်မိတ်ဆက်လိုက်ပါသည်။

လူနေမှုဘဝတွင် ဒစ်ဂျစ်တယ်ငွေပေးချေခြင်းကို ပြုလုပ်ဆောင်ရွက်ပေးနိုင်သည့် Citizens အနေဖြင့် မြန်မာနိုင်ငံ၏ သုံးစွဲသူများကို (၁) ငွေကြေးကိစ္စ အကျိုးကျေးဇူးများနှင့် ဆုလာဘ်များ၊ (၂) နိုင်ငံလုံးပေါက် လက်လှမ်းမီနိုင်မှု၊ (၃) သုံးစွဲသူများ အဆင်ပြေချောမွေ့စေနိုင်မှု ဟူသော အဓိကမဏ္ဍိုင် ၃ ခု ဖြင့် ဝန်ဆောင်မှုပေးရန်ရည်ရွယ်ထားသည်။

Citizens သည် ငွေသွင်းငွေထုတ်ပြုလုပ်ရန်အတွက် ဘဏ်သို့မသွားနိုင်သူများ၊ ဘဏ်စာရင်းမရှိသူများအား ပိုမိုသင့်တင့်သည့် ငွေလွှဲခနှုန်းထားနှင့် ဝန်ဆောင်မှုပေးနိုင်ရန် လုပ်ဆောင်နေပါသည်။ အချိန်မရွေး နေရာမရွေး ငွေပေးချေနိုင်သည့်အတွက် အလုပ်များသည့်သူများအတွက်လည်း အချိန်ကုန်သက်သာစေပါသည်။ သုံးစွဲသူများအနေဖြင့် ဖုန်းငွေဖြည့်ခြင်းမှစ၍ လစဉ်ဘေလ်ပေးဆောင်ခြင်းများ၊ စျေးဝယ်စင်တာများတွင် QR Payment ဖြင့် ငွေရှင်းခြင်းများနှင့် အွန်လိုင်စျေးဝယ်ခြင်းအတွက် ငွေရှင်းခြင်းများထိ Citizens app ကို အသုံးပြုပြီးလုပ်ဆောင်နိုင်ပါသည်။

“ကျွန်တော်တို့ရဲ့ အမှတ်တံဆိပ်ဆောင်ပုဒ် “ငွေကြေးကိစ္စ စိတ်ကြိုက်သုံး Citizens အကောင်းဆုံး” ဆိုတဲ့အတိုင်း  Citizens ရဲ့အဓိကရည်ရွယ်ချက်က သုံးစွဲသူတွေကို အကန့်အသတ်မရှိတဲ့  လူနေမှုဘဝထဲက ဒစ်ဂျစ်တယ်ငွေပေးချေမှုပုံစံတွေနဲ့ ဝန်ဆောင်မှုပေးဖို့ဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုတွေထဲမှာ မှတ်ပုံတင်ထားတဲ့ မိုဘိုင်းလ်ဖုန်းနံပါတ်ကိုင်ဆောင်သူ ဘယ်သူ့ကိုမဆို ငွေလွှဲပေးပို့ခြင်း၊ စျေးဝယ်ရာတွင် ငွေပေးချေခြင်း၊ ဖုန်းငွေဖြည့်ခြင်း (သို့မဟုတ်) လစဥ်ဘေဆောင်ခြင်းတွေ ပါဝင်ပါတယ်။ ဒါ့အပြင် သုံးစွဲသူတွေရဲ့ နေ့စဉ်ဘဝကိုပိုမိုလွယ်ကူစေဖို့နဲ့ စိတ်ဝင်စားဖွယ်ရာ ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုအစီအစဉ်တွေကိုလည်း လုပ်ဆောင်သွားဖို့ရှိပါတယ်။” ဟု Capital Connect Limited ၏ CEO ဖြစ်သူ Mr. Wan Kup Yew က ပြောကြားသည်။

Citizens တွင် အသုံးပြုသူများအတွက် စျေးကွက်အတွင်းရှိ‌ အခြားသော ငွေကြေးဝန်ဆောင်မှုများနှင့် ယှဥ်လျှင် အလွန်ပင် သင့်တင့်သော ငွေလွှဲနှုန်းထားများအား ချမှတ်ထားပြီး ရွေးချယ်စရာများ ပိုမိုပေးနိုင်ရန် ရည်ရွယ်ထားပါသည်။ ထို့အပြင် Citizens အသုံးပြုသူများအား ငွေပေးချေမှုတွင် အထူးလျှော့ဈေးများ၊ ချက်ချင်းငွေသား ပြန်ရမည့်အစီအစဉ်များ၊ စုဆောင်းထားနိုင်သော ဆုမဲပွိုင့်ပေးခြင်းများ၊ ဆုလက်ဆောင်ပေးအပ်ခြင်းများ၊ ပွိုင့်နှင့်ပေးချေခြင်းများ စသည့် စိတ်လှုပ်ရှားဖွယ် ကောင်းသည့်ဆုလာဘ် အစီအစဉ်တို့အား ပြုလုပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါမည်။ Citizens app အသုံးပြုမှု အကြိမ်ရေများသောသူများ လက်ဆောင်နှင့် အကျိုးကျေးဇူးများ ပိုရရှိနိုင်စေရန် ဖြစ်ပါသည်။ မိုဘိုင်းလ်ဖုန်းနံပါတ်ဖြင့် မှတ်ပုံတင်သည့်အခါ သုံးစွဲသူများသည် Citizens ၏ features တိုင်းကို အသုံးပြုခွင့်ရရှိသည်။ မှတ်ပုံတင်မိတ္တူ ၊ (selfie) ဓာတ်ပုံနှင့် လက်မှတ် (Signature) ဖြင့် အကောင့်အဆင့်မြှင့်ကာ မိမိ Citizens အကောင့်နှင့် ဘဏ်အကောင့်ချိတ်ဆက်မှုကို ပြုလုပ်နိုင်ပြီး၊ အသုံးပြုနိုင်မည့် ငွေပမာဏ ပိုတိုးမြှင့်နိုင်မည်ဖြစ်သည်။

Citizens သည် ငွေကြေးဝန်ဆောင်မှုပေးမည့်ကိုယ်စားလှယ်များနှင့် ငွေပေးချေနိုင်သည့်ဆိုင်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကွန်ရက်ဖြန့်ကျက် ပိုင်ဆိုင်ထားသည်။ ကျွန်ုပ်တို့၏ရည်မှန်းချက်မှာ FMCG၊ ကုန်ပစ္စည်းထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ လက်လီရောင်းချခြင်း (သမားရိုးကျနှင့်ခေတ်သစ်ကုန်သွယ်ရေး)၊ ၀န်ဆောင်မှုလုပ်ငန်း၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် အစိုးရ၀န်ထမ်းများအားလုံးအတွက် မြန်မာ့စားသုံးသူများ၊ စီးပွားရေးလုပ်ငန်းများနှင့်အစိုးရအခန်းကဏ္ဍများကို ၀န်ဆောင်မှုပေးရန်ဖြစ်သည်။ ဤဆန်းသစ်သော ငွေကြေးဝန်ဆောင်မှုနှင့် လူနေမှုပုံစံတို့ကို မြန်မာပြည်သူများ၏ လက်ထဲသို့ ပို့ဆောင်ခြင်းဖြင့် ဒစ်ဂျစ်တယ်စီးပွားရေးဆီသို့ ဦးတည်သွားသည့် စက်မှုတိုးတက်မှုတစ်ခုရရှိစေရန် Citizens မှရည်ရွယ်ထားသည်။

ဆန်းသစ်တဲ့ feature တစ်ခုအဖြစ် သုံးစွဲသူများအတွက် အသုံးစရိတ် စီမံခန့်ခွဲရန် Financial Dashboard ကို အက်ပလီကေးရှင်းထဲတွင် ထည့်သွင်းပေးထားသဖြင့် အသုံးစရိတ်မှတ်တမ်းများကို အသေးစိတ်ပြန်လည် စီမံခန့်ခွဲနိုင်ပါသည်။ နောင်တွင်လည်း feature တစ်ခုအနေဖြင့် Financial Portal ကို တွဲဖက်လုပ်ကိုင်သူများနှင့် စျေးဆိုင်များကို ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။ ဆိုလိုသည်မှာ ကိုယ်စားလှယ်များ၊ ကုန်သည်များ၊ မဟာဗျူဟာမိတ်ဖက်များတို့သည် သူတို့၏ အရောင်းအ၀ယ်စာရင်းများနှင့် ငွေကြေးများကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲနိုင်ကာ ၎င်းတို့၏ ကုန်ထုတ်စွမ်းအားကို တိုးမြှင့်စေပြီး ရေရှည်တွင် အလုပ်အကိုင်တိုးချဲ့နိုင်ရန် အားပေးပံ့ပိုးနိုင်မည်ဖြစ်သည်။

Citizens ၏ ရည်မှန်းချက်သည် သုံးစွဲသူများနှင့် တွဲဖက်လုပ်ဖော်ကိုင်ဖက်များ နှစ်ဦးနှစ်ဖက် အဆင်ပြေစေရန်ဖြစ်ပြီး ဘဏ်များ၊ အခြားငွေပေးချေမှုလုပ်ငန်းများနှင့် ပူးပေါင်း၍ ဘဏ်လုပ်ငန်းများနှင့် အလွယ်တကူအသုံးပြုနိုင်သော ဘဏ္ဍာရေးကိရိယာများဖြင့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း များကို ဝန်ဆောင်မှုပေးခြင်းဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဘဏ္ဍာရေးဆိုင်ရာ ပါဝင်မှုများကို တိုးမြှင့်နိုင်ရေး ဖြစ်ပါသည်။ Citizens ၏ ရည်မှန်းချက်အရ ဤ အက်ပလီကေးရှင်းသည် စီးပွားရေး၊ e-government လုပ်ငန်းစဉ်များနှင့် နည်းပညာ အသိုင်းအဝိုင်းကို အထောက်အကူပြုမည်ဖြစ်ပြီး နိုင်ငံ၏ ထုတ်ကုန်အသစ် ကဏ္ဍများ၌ ဘဏ္ဍာရေးပါဝင်မှုအတွက် အစိုးရလမ်းစဉ်သို့ ဦးတည်သွားစေနိုင်ရန်ဖြစ်သည်။

“Citizens ရဲ့ မိတ်ဖက်စီးပွားရေးဆောင်ပုဒ် “လက်ဖျားမှာ ငွေသီးဖို့ Citizens နဲ့လက်တွဲစို့” ဆိုတဲ့အတိုင်း ဒစ်ဂျစ်တယ်ငွေပေးချေမှုပံ့ပိုးသူအဖြစ် ကုမ္ပဏီနဲ့ မိတ်ဖက်လုပ်ငန်း နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးအမြတ် ရရှိ‌စေမယ့် (အွန်လိုင်းနှင့် အော့ဖ်လိုင်း) ခိုင်မာသောငွေပေးချေမှု ကွန်ရက်တစ်ခု တည်ဆောက်သွားမှာ ဖြစ်ပါတယ်” ဟု Citizens ၏ Chief Product Officer ဖြစ်သူ Michael Marcar ကပြောကြားသည်။

 

 

Related Articles