You are here

Tik Tok က အိုင်ယာလန်တွင်ထမဆုံးဥရောပဒေတာစင်တာကိုယူရိုသန်း ၄၂၀ဖြင့်ရင်းနှီးမြုပ်နှံဖို့စီစဉ်

Apps
Technology
World

တရုတ်ပိုင် ByteDance ကပိုင်ဆိုင်သည့်နာမည်ကြီး Tik Tok ဗီဒီယိုအက်ပလီကေးရှင်းက အိုင်ယာလန်မှာပထမဆုံးဥရောပဒေတာစင်တာကိုယူရိုသန်း ၄၂၀ဖြင့်ရင်းနှီးမြုပ်နှံဖို့စီစဉ်ထားကြောင်း ပြီခဲ့သည့် ရက်ပိုင်းက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သတင်းများအရ  TikTok ကို အမေရိကန်ပိုင် Microsoft သို့ လုပ်ငန်းများကိုရောင်းရန်ဆွေးနွေးနေခဲ့ပြီ ယခုသီတင်ပတ်တွင် ရင်းနှီးမြှုပ်နှံဖို့ သတင်းများထွက်လာခဲ့ခြင်းဖြစ်သည်။ အကယ်၍ မရောင်းချခဲ့လျှင်စက်တင်ဘာလ 15 ရက်နေ့တွင်အမေရိကန်ပြည်ထောင်စု၌ Tik Tok ၏ဝန်ဆောင်မှုကိုပိတ်ပင်ထားလိမ့်မည်ဟုသတင်းများထွက်ခဲ့သည်။ 
ယခုဒေတာစင်တာအသစ် သည် အိုင်ယာလန်ရှိ လူများအတွက် ရာနှင့်ချီသောအလုပ်အကိုင်သစ်များဖန်တီးပေးလိမ့်မည်ဖြစ်ကြောင်း နှင့် ပိုမိုမြန်ဆန်စွာတင်ပို့နိုင်သည့်အချိန်နှင့်ဥရောပအသုံးပြုသူအချက်အလက်များကိုလုံခြုံစွာသိမ်းဆည်းထားနိုင်မည်ဟု TikTok ၏ကမ္ဘာလုံးဆိုင်ရာသတင်းလုံခြုံရေးအရာရှိ Roland Cloutier ကဘလော့တစ်ခုတွင်ရေးသားခဲ့သည်။
"ဒီဒေတာစင်တာကအိုင်ယာလန်ကိုရေရှည်ကတိကဝတ်ပြုတာကိုပြသပြီး ၂၀၂၂ အစောပိုင်းမှာဒေတာစင်တာကိုဖွင့်လှစ်နိုင်မယ်လို့မျှော်လင့်ပါတယ်" ဟုကလော့တီကပြောသည်။ အိုင်ယာလန်သည်ဒေတာစင်တာများအတွက်ဥရောပ၏အကြီးမားဆုံးအချက်အချာနေရာတစ်ခုဖြစ်ပြီး Amazon, Facebook နှင့် Alphabet's Google ကဲ့သို့သောနည်းပညာကုမ္ပဏီများအတိုင်း operation  များလုပ်ဆောင်မည်ဖြစ်သည်။ အဂ်လန်းမီဒီယာများမှသတင်းထုတ်ပြန်ချက်အရလည် Tik Tok ၏ ရုံးချုပ်ကိုနိုင်ငံခြားသို့ပြောင်းရွှေ့ရန်စဉ်းစားနေကြောင်း ByteDance ကတနင်္လာနေ့တွင်ပြောကြားခဲ့သည်

Related Articles