You are here

HUAWEI Nova 7i ကို RAM/ROM (8/128GB) version ဖြင့် ငွေရောင် (Skyline Grey) ကို ယခင်ဈေးနှုန်းအတိုင်း ၃၆၉၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်

Local
Mobile
Huawei

Nova 7i ၏ အရောင်သစ် Skyline Grey (ငွေရောင်) အရောင်သစ် ကို မြန်မာနိုင်ငံတွင် စတင်ဝယ်ယူရရှိနိုင်ပါပြီ
စတင်မိတ်ဆက်သည့် အချိန်မှစ၍ ပြည်တွင်းရှိ လူငယ်ပရိသတ်များအကြား စိတ်ဝင်စားမှုရေချိန်မြင့်တက်နေသည့် HUAWEI nova7i ၏ အရောင်သစ်ဖြစ်သော (Skyline Grey) ငွေရောင် ကို  ယနေ့မှစ၍ ပြည်တွင်းဈေးကွက်တွင် ၃၆၉၀၀၀ ကျပ်ဖြင့် စတင်ဝယ်ယူရရှိနိုင်တော့မည် ဖြစ်ပါသည်။

ယခင်ကာလများတည်းက HUAWEI nova series များသည် ထူးခြားလှပသောဒီဇိုင်းပုံစံ၊ ကောင်းမွန်သော စွမ်းဆောင်ရည်ပိုင်း၊ အရည်အသွေးမြင့်မားသည့ကင်မရာများနှင့် ဖွဲ့စည်းထားပြီး ဈေးနှုန်းသင့်တင့်မျှတမှုကြောင့် မြန်မာလူငယ်များအကြား ရေပန်းစားကျော်ကြားပြီးသားပဲဖြစ်ပါတယ်။ Nova 7i စမတ်ဖုန်းများသည်လည်း ဂိမ်းကစားမှုနှင့် နေ့စဉ်အသုံးပြုမှုအတွက် စွမ်းဆောင်ရည်ကောင်းမွန်သည့် 7nm Chip အမျိုးအစားဖြစ်သည့် Kirin 810 SOC နှင့် အတူ 8GB RAM နှင့် 128GB Storage ၊ လျင်မြန်စွာ အားပြန်လည် ဖြည့်တင်းနိုင်မည့် 40W Super-Fast Charging နည်းပညာ နှင့် အတူ 48MP Triple Qaud Camera တို့ကို အသုံးပြုထားပြီး ဈေးနှုန်းသင့်တင့်မှုတို့ကြောင့် ရေပန်းစားကျော်ကြားသည့် ဖုန်းအမျိုးအစားလည်း ဖြစ်ပါသည်။

HUAWEI ရဲ့ ကင်မရာ အတွဲအစပ်တွေနဲ့ ကင်မရာတည်ဆောက်ပုံ ဒီဇိုင်းပိုင်းတွေက စမတ်ဖုန်းလောကတွင်ဦးဆောင်နေဆဲဖြစ်ပြီး HUAWEI nova 7i ဖြင့် နောင်တစ်ဖန်ပြန်ပြီး trend အသစ်တွေကို ဦးဆောင်ဖန်တီးနိုင်ဦးမှာပဲဖြစ်ပါသည်။ HUAWEI nova 7i ၏ ကျောဖက် quad camera တွင် 48MP ပင်မကင်မရာ၊ 8MP ultra wide-angle lens၊ 2MP macro lens နှင့် 2MP bokeh lens တို့ပါဝင်သောကြောင့် အခြေအနေအမျိုးမျိုးတအတွက် လှပသောဓာတ်ပုံနှင့် ဗီဒီယိုတို့ကိုကောင်းမွန်စွာရိုက်ကူးနိုင်မည် ဖြစ်သည်။
ဖုန်းအနောက်ဖက်ရှိ 48MP ပင်မကင်မရာမှာ f/1.8 ရှိသော aperture ပါဝင်သည့် ½-inch အာရုံခံကိရိယာတပ်ဆင်ထားပြီး စွမ်းဆောင်ရည် ကောင်းမွန်သော chipset, multi-frame synthesis technology တို့ဖြင့် ထောက်ပံ့ပေးထားသောကြောင့် ရိုက်ကူးထားသောဓာတ်ပုံတို့ကို အနီးကပ် zoom ဆွဲကြည့်သည့် အနေအထားမျိုးတွင်ပါ အသေးစိတ်ကို မြင်တွေ့နိုင်မှာဖြစ်သည်။
ညအချိန်ဓာတ်ပုံရိုက်ကူးရာတွင် 4-in-1 pixel နည်းပညာကို အသုံးပြုထားခြင်းကြောင့် ညအချိန်ကောင်းကင် ကိုရိုက်ကူးရာမှာ noise နည်းပါးစေပြီး ပိုမိုကြည်လင်စေ၍ long exposure နှင့် multi-frame composition တို့ဖြင့်တွဲဖက်လိုက်သောအခါ အလွန်လှပသာကြယ်တွေစုံတဲ့ကောင်းကင်ကို ရိုက်ကူးရရှိနိုင်မည်ဖြစ်သည်။
HUAWEI nova 7i တွင်ပါဝင်သည့် ၁၂၀ ဒီဂရီအပြည့်မြင်နိုင်သည့် 8MP ultra wide-angle lens ကြောင့် အဆောက်အဦးများ၊ သဘာဝရှုခင်းများနှင့် အုပ်စုလိုက်ဓာတ်ပုံများကို ရိုက်ကူးရာတွင် ရင်သပ်ရှုမောဖွယ် ကောင်းသော ဓာတ်ပုံနှင့် ဗီဒီယိုတို့ကို ရရှိနိုင်မည်ဖြစ်သည်။
HUAWEI nova 7i ၏ 4cm အထိအနီးကပ်ရိုက်ကူူးနိုင်သည့် macro lens က သဘာဝတရားကြီးထဲက သေးငယ်တိကျတဲ့အရာတွေကို ရှုာဖွေရိုက်ကူးနိုင်မည်ဖြစ်သည်။ ဒါ့အပြင် AI algorithms အထောက်အပံ့ပေးထားပြီး depth sensing hardware တို့ကို အသုံးပြုထားခြင်းကြောင့် သဘာဝကျကျ နောက်ခံ background တွေကို ဝေဝါးသွားစေမှာဖြစ်ပြီး အလှပဆုံးသော bokeh ဓာတ်ပုံကိုရိုက်ကူးနိုင်မှာပဲဖြစ်ပါသည်။

HUAWEI nova 7i တွင် 7nm နည်းပညာဖြင့် Kirin 810 chipset က ကြီးမားသော cores နှစ်ခုနှင့်  core အသေးခြောက်ခုဖြင့် ဖွဲ့စည်းထားပြီး Mali-G52 GPU၊ Huawei ၏စတုတ္ထမြောက်မျိုးဆက် ISP နည်းပညာတို့ဖြင့် ထုတ်လုပ်ထားပါသည်။ Huawei ၏ တရားဝင်စာရင်းများအရ 7nm နည်းပညာဖြင့် Kirin 810 Chipset က 12nm နည်းပညာဖြင့် အသုံးပြုသော Kirin 710 Chipset ဖြင့် နှိုင်းယှဉ်ကြည့်ပါသောအခါတွင် ၁၁၀ ရာခိုင်နှုန်းပိုမိုမြင့်မားသော transistor သိပ်သည်းဆရှိပြီး စွမ်းအင်သုံးစွဲမှုကိုလျော့ကျစေပြီး အကောင်းဆုံးသော စွမ်းဆောင်ရည်ကို ရရှိနိုင်မည်ဖြစ်သည်။
Kirin Gaming+ system-level AI နည်းပညာ၊ အဆင့်မြင့်ထားသော GPU နှင့် HD game special effects တို့က အရည်အသွေးကောင်းမွန်သော၊ ကြီးမားသည့် 3D ဂိမ်းများမှ အချိန်နှင့်တပြေးညီပုံရိပ်များကိုထုတ်ပေး နိုင်သောကြောင့် ဂိမ်းကစားရာတွင် တိကျကြည်လင်ပြတ်သားသော အတွေ့အကြုံကိုရရှိမည်ဖြစ်သည်။
NPU ၏အဆင့်မြင့်သော AI စွမ်းရည်ဖြင့် စဖတ်ဖုန်းသည် CPU၊ GPU နှင့် DDR တို့အတွက်အရင်းအမြစ်ကို အလွယ်တကူနေရာချထားနိုင်သည်။ EMUI10 ၏ feature အသစ်ဖြစ်သော Deterministic Latency Engine က HUAWEI nova 7i ၏ကွန်ပျူတာအမြန်နှုန်းကို ပိုမိုမြန်ဆန်စေမည်ဖြစ်သည်။

HUAWEI nova 7i တွင်ပါဝင်သည့် ကြီးမားသော 4200mAh ဘက်ထရီက အသုံးပြုသူတို့ တစ်နေ့တာလုံးလိုအပ်ချက်ကို အလွယ်တကူဖြည့်ဆည်းပေးနိုင်သည်။ ထို့ကြောင့် ရုပ်ရှင်ကြည့်ခြင်း၊ ဂိမ်းကစားခြင်း၊ ဓာတ်ပုံရိုက်ခြင်းတို့ကို ဘက်ထရီကုန်သွားမည်ကို စိတ်ပူစရာမလိုပဲ အသုံးပြုနိုင်မည် ဖြစ်သည်။  HUAWEI nova 7i တွင်ပါဝင်သည့် 40W HUAWEI SuperCharge သည် မိနစ် ၃၀ အားသွင်းရုံဖြင့် ၇၀ ရာခိုင်နှုန်းအားပြည့်စေမည်ဖြစ်ပြီး တစ်နာရီအတွင်း ၁၀၀ ရာခိုင်နှုန်းအပြည့် အားသွင်းနိုင်ပါသည်။ Huawei ၏ fast charging technology သည် TÜV Rheinland ရဲ့ safety certification ကိုရရှိပြီးဖြစ်သည်။ စွမ်းဆောင်ရည်မြင့်မားပြီး တာရှည်ခံသည့်ဘက်ထရီသက်တမ်းရှိသည့် အကောင်းဆုံးသောဓာတ်ပုံတွေကို
ပေးစွမ်းနိုင်မည့် HUAWEI nova 7i သည့် အကောင်းဆုံးသောစွမ်းဆောင်ရည်များကို ဈေးနှုန်းသင့်တင့်စွာဖြင့် ရရှိနိုင်မည့် စမတ်ဖုန်းတစ်လုံး ဖြစ်သည်။
ဓာတ်ပုံနှင့် ခရီးသွားတာကို ဝါသနာပါပြီး ဂိမ်းကစားခြင်းကိုပါနှစ်သက်ပါက ထိုအရာအားလုံးအတွက် အကောင်းဆုံးသော အတွေ့အကြုံကိုပေးနိုင်သည့် HUAWEI nova 7i က  အကောင်းဆုံးသောလက်ဆောင်အဖြစ် မှတ်ယူနိုင်ပါသည်။

HUAWEI nova 7i စမတ်ဖုန်းများသည် HUAWEUI Mobile Services ကိုအသုံးပြုထားပြီး နေ့စဉ်အသုံးပြုနိုင်သော Application များကို Download ရယူနိုင်ရန် HUAWEI ၏ ကိုယ်ပိုင် App Store ဖြစ်သော HUAWEI App Gallery မှတစ်ဆင့် Download ရယူအသုံးပြုနိုင်မှာပဲဖြစ်ပါသည်။ ထို့အပြင်လည်း သန်းပေါင်းများစွာသော App တွေကို အလွယ်တကူရှာဖွေပြီး ဒေါင်းလုဒ်ရယူနိုင်ဖို့အတွက်လည်း Petal Search Application ကို HUAWEI App Gallery တွက် Download ရယူနိုင်ပြီဖြစ်ပါသည်။ HUAWEI Petal Search မှတစ်ဆင့်လည်း Find Apps Widget ကို ထုတ်ယူအသုံးပြုပြီး ကိုယ့်ရဲ့ဖုန်း Home Screen မှလည်း မိမိလိုအပ်သော Application များကို အချိန်ကုန်သက်သာပြီး လွယ်ကူစွာရယူနိုင်မည့် ဝန်ဆောင်မှုအသစ်ကိုလည်း ရရှိဦးမှာဖြစ်ပါသည်။

 

Related Articles