You are here

About Us

About Us

inmya.com press release (Myanmar First Mobile Portal )

inmya.com သည် ပြည်တွင်းရှိမိုဘိုင်းဖုန်းသုံးသူများကို မိုဘိုင်းဖုန်းနှင့်ပတ်သက်သည့်သတင်း အချက်အလက်များ၊ မိုဘိုင်းဆော့ဝဲလ်များ၊ မိုဘိုင်းဈေးနှုန်းများ၊ မိုဘိုင်းဖုန်းများ၏သုံးသပ်ချက်များနှင့် ပြည်တွင်း/ပြည်ပသတင်းထူးများကို ပြည်သူများထံသို့ တင်ဆက်သွားမည့် မိုဘိုင်းဖုန်းသတင်း Website တစ်ခုဖြစ်ပါတယ်။

inmya.com website ဖြစ်ပေါ်လာရခြင်းအကြောင်းမှာ ပြည်တွင်း၌ နေ့စဉ်နှင့်အမျှတိုးတက်လာသော မိုဘိုင်း ဖုန်းသုံးစွဲသူများ၏ မိုဘိုင်းဖုန်းဆိုင်ရာသတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီရရှိစေရန်နှင့် ၀ယ်ယူချင်သူများအနေဖြင့် ဖုန်းအရောင်းဆိုင် ရောက်မှဆုံးဖြတ်စရာမလိုပဲ inmya.com မိုဘိုင်းဖုန်းသတင်း website ကို မိုဘိုင်းဖုန်းဖြင့်သော်လည်းကောင်း၊ ကွန်ပျူတာဖြင့်သော်လည်းကောင်း ၀င်ရောက်ကြည့်ရှုရုံဖြင့် မိမိတို့နှစ် သက်သောမိုဘိုင်းဖုန်းများ၏ အကြောင်းနှင့် မိုဘိုင်းဆော့ဝဲလ် များအကြောင်းအပါအ၀င် လက်ရှိ ဖုန်းဆိုင်များရှိ ဖုန်းပေါက်ဈေးနှုန်းများကို စုံလင်သော သတင်းအချက်အလက်များကိုပံ့ပိုးပေးသွားမည့် ပထမဆုံးသော မိုဘိုင်း သတင်း စုံ Website တစ်ခုဖြစ်ပါသည်။ထို့အပြင်မိုဘိုင်းဖြင့်အွန်လိုင်း အသုံးပြုမှုတွင် တစ်နေ့တခြား ပိုမိုများပြားလာသည့်အတွက် မိုဘိုင်းဖုန်းပေါ်တွင်အလွယ်တကူ ကြည့်ရှု့နိုင်ရန် mobile app တစ်ခုကိုလည်း မကြာမီပြုလုပ်သွား မည်ဖြစ်ပါ တယ်။

inmya.com ၀က်ဆိုဒ်အား BOD Technology ကုမ္မဏီမှ လွှင့်တင်ခြင်းဖြစ်ပြီ၊BOD Tech ကုမ္မဏီသည် မြန်မာ့အင်တာနက်နည်းပညာ ရှေ့ဆောင်ကုမ္မဏီတစ်ခုဖြစ်သည်။ထို့အပြင် BOD Tech ကုမ္မဏီသည် flamya.com ။ yangond2d.com နှင့် shopmyar.com တိုကိုလည်လွှင့်တင်၍နည်းပညာအထောက် အပံ့များပံပို့ပေးလျှက်ရှိပါသည်။

လက်ရှိ ပြည်တွင်းဈေးကွက်၌ဖုန်းဝယ်ယူသူများမှာ ဖုန်းအရောင်းဆိုင်များသို့ရောက်မှ မည်သည့် မိုဘိုင်း Brand ကိုဝယ်ယူရမည်ကိုဆုံးဖြတ်ချက်ချနေရပြီး ပရိုမိုးရှင်းရှိသော မိုဘိုင်းဖုန်းများကိုသာ အများဆုံးဝယ် ယူနေကြကြောင်း ဈေးကွက်လေ့လာချက်များအရ လေ့လာတွေ့ရှိရသည်။

ပြည်တွင်း၌လာမည့်ကာလများတွင် မိုဘိုင်းဖုန်းသုံးစွဲမှု မြင့်မားသထက်မြင့်မား လာမည်ဖြစ်ရာ မိုဘိုင်း ဖုန်းသုံးစွဲသူများသည် မိမိ မိုဘိုင်းဖုန်းအားဆက်သွယ်ရေးကိရိယာတစ်ခုအဖြစ် သုံးစွဲနေခြင်းထက် ဖျော်ဖြေရေးနည်းပညာ၊ မှတ်တမ်းဓါတ်ပုံ အပြင်အွန်လိုင်းအသုံးပြုမှု၊ရှာဖွေမှုများပါ တွင်ကျယ်စွာအသုံးပြု လာမည်ဖြစ်၍ inmya.com website သည် မိုဘိုင်းဖုန်းသုံးစွဲသူများအား သတင်းအချက်အလက်နဲ့ နည်းပညာ များပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။သို့ဖြစ်ပါ၍ www.inmya.com သို့ဝင်ရောက်ကြည့်ရှု့နိုင်ပြီး နော်ကဆုံးရ မိုးဘိုင်းဖုန်းသတင်းများလည်လေ့လာနိုင်ပါသည်။ inmya.com တွင်ဖုန်းသတင်း၊ပြည်တွင်၌ခေတ်စားနေသော ဖုန်းများ၏ Review များ၊ ပြည်တွင်ဖုန်းဈေးနှုန်းများ၊ ဖုန်းဆော့ဝဲလ်သတင်းများနှင့် ဂိမ်းသတင်းများ စသဖြင့်ဝေေ၀ဆာဆာဖော်ပြထားပါသည်။

….. ရုံး- အမှတ်40 ရွှေသရဖီအိမ်ယာ။ဘုရင်နောင်းလမ်း၊ရန်ကုန်မြို့၊ 09 975409786